ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံရေးဆောင်ရွက်မှုဗဟိုဌာန (လုံခြုံရေး)၊ နယ်မြေထောက်လှမ်းရေးအဖွဲ့၊ ကန်ချနပူရီပြည်နယ် အဝေးပြေးရဲတပ်ဖွဲ့နှင့် Surasee စစ်ဆင်ရေးတပ်ဖွဲ့မှ ထောက်လှမ်းရေးအရာရှိများ ပူးပေါင်းကာ ကန်ချနပူရီတွင် ခိုးဝင်မြန်မာ ၁၁ ဦးနှင့် လမ်းပြသယ်ယူပို့ဆောင်ပေးသူတစ်ဦး ကို စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။
လမ်ပြအဖြစ်သယ်ယူပို့ဆောင်ပေးသူမှာ မွန်လူမျိုးဖြစ်ပြီး ထိုင်းနိုင်ငံသားမဟုတ်သူ မစ္စတာ ဝီရ (အသက် ၂၆ နှစ်)၊ မှတ်ပုံတင်နံပါတ် 6 7101 72002 00 5။ ၎င်းသည် ကန်ချနပူရီပြည်နယ်၊ Thong Pha Phum ခရိုင်၊ Tha Khanun မြို့နယ်၊ မူ ၂၊ ၁၅/ช တွင် နေထိုင်သူဖြစ်သည်။
သက်သေခံပစ္စည်းအဖြစ် TOYOTA FORTUNER အမျိုးအစား၊ ငွေရောင် ကိုယ်ပိုင်ကား၊ လိုင်စင်နံပါတ် 9 กฆ 6609 ကန်ချနပူရီ (ပိုင်ရှင်အမည် မစ္စတာ နွန်ထပတ် ဝစ်ထယာလတ်ဝစ်ချစ်၊ ကန်ချနပူရီပြည်နယ်၊ Sangkhlaburi ခရိုင်၊ Nong Lu မြို့နယ်၊ မူ ၉၊ ၃၇၈/၁ နေထိုင်သူ) ဖြစ်သည်။
ထိုင်းနိုင်ငံတော်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ဖမ်းဆီးခြင်းမှ ကင်းလွတ်စေရန် ပုန်းအောင်းကူညီခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် ကူညီခြင်း၊ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော မြန်မာနိုင်ငံသား ၁၁ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၆ ဦး၊) တို့အား ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံတော်အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများဖြစ်ခြင်း စသည့်စွဲချက်များဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
ကနဦး စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့သည် ကန်ချနပူရီပြည်နယ်၊ Sangkhlaburi မြို့နယ်၊ ဘုရားသုံးဆူဒေသ မှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးခဲ့ရကြောင်း၊ ၎င်းတို့၏ ပန်းတိုင်မှာ Phra Nakhon Si Ayutthaya ခရိုင်တွင် အလုပ်လုပ်ရန်ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးသည့်နေရာမှာ ကန်ချနပူရီပြည်နယ်၊ Mueang ခရိုင်၊ Nong Bua မြို့နယ်၊ မူ ၈၊ Nong Bua လမ်းဆုံမီးပွိုင့်အနီးဖြစ်ပြီး အရာရှိများသည် ဖမ်းဆီးရမိသူအားလုံးကို ကန်ချနပူရီမြို့နယ်ရဲစခန်း (Mueang Kanchanaburi) သို့ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့သည်။







































