ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ရာကို “ရဲဆေးရုံ ၁၄ လွှာ” အမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ်တစ်နှစ် ပြန်ကျခံစေဖို့ အမိန့်ချလိုက်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
သက်ဆင်ဟာ ညီလူမျိုး ဒူဘိုင်းက ပြန်လာပြီးနောက် စက်တင်ဘာ ၉ နံနက်ပိုင်းမှာ တရားရုံးကို တက်ခဲ့တာပါ။
သူကို အရင်တုန်းက အဂတိလိုက်စားမှု ၃ မျိုးအတွက် ထောင် ၈ နှစ် အမိန့်ချထားခဲ့ပေမယ့် နောက်ပိုင်း တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်နှစ်သာ ကျခံဖို့ လျှော့ထားပေးခဲ့ပါတယ်။ ဒါပေမယ့် သက်ဆင် အကျဉ်းထောင်ထဲမှာ တစ်ညပဲ နေခဲ့ရတာ တကယ့်မဟုတ်ဘူးဆိုပြီး သံသယတွေ ထွက်ပေါ်ခဲ့ပါတယ်။
၂၀၂၃၊ ဩဂုတ် ၂၂ ရက်ညပိုင်းက ဆေးအရေးပေါ်ကြောင့် ဘန်ကောက်အကျဉ်းထောင်ကနေ “ရဲဆေးရုံ ၁၄ လွှာ” သို့ ပြောင်းထားခဲ့ပြီး လွတ်လာချိန်ထိ အဲဒီနေရာမှာသာ နေခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဆေးကုသမှုအကြောင်းပြပြီး ထောင်ပြန်မသွားတော့ဘဲ ဆေးရုံမှာသာ နေခဲ့တာပါ။
ပြီးတော့ ၂၀၂၄၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင် လွတ်လာခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ တရားရုံးက သူ့ပြစ်ဒဏ်ကို အတည်ပြုပြီး အကျဉ်းထောင်မှာ တစ်နှစ်ပြန်ကျခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
Crd – The Nation





































