• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    ဘန်ကောက် Blackpink ဖျော်ဖြေပွဲ မြန်မာပြည်က သိန်း ၁၅၀ လောက်အကုန်အကျခံပြီးလာရောက်ကြည့်ရှု

    ဆိုင်းယွတ်မြို့နယ်မှာ တရားမဝင်အလုပ်သမားတင် ပစ်ကပ်ကား အကွေ့မှာ မှောက်မှု – ၃ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    ထိုင်း-မြန်မာနယ်စပ် ဘန့်ဖူနမ်ရွန်းနယ်စပ်ဂိတ်ဖွင့်လှစ်ရေးနှင့် မြန်မာ့လေကြောင်းတိုက်ခိုက်မှု ဆက်စပ်နေသလား

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

Kaowao - (အမြင် သုံးသပ်ချက်)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
September 9, 2025
in ဆောင်းပါး, ဝေဖန်ရေး, အကျင့်ပျက်ဝန်ထမ်း, အယ်ဒီတာ့အာဘော်
0
စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ
0
SHARES
5
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေဟာ နေရာအနှံ့ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။

ဒီလိုပဲ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကလည်း ရှုပ်ထွေးပွေလီလာတာကို တွေ့ရပါတယ်။

အထူးသဖြင့် စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဝါဒဖြန့်ချိရေးတွေဟာ အလွန်ကို ထင်ရှားနေတာကို မြင်ရမှာပါ။

ဒီဆောင်းပါးမှာတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကော်မရှင်နဲ့ KNU တို့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး စစ်ပွဲရဲ့အမှန်တရားနဲ့ စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကို မီးမောင်းထိုးပြချင်ပါတယ်။

ထုတ်ပြန်ချက်တွေရဲ့ ပြိုင်ဆိုင်မှု

စက်တင်ဘာ ၇ ရက်နေ့မှာ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ သတင်းကို ကြည့်ရအောင်။

သူတို့ပြောတာက ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် KNU ရဲ့ မြဝတီ၊ ကော့ကရိတ်၊ ဘားအံမြို့တွေကို သိမ်းပိုက်ပြီး သီးခြားကော်သူးလေပြည်နယ်ထူထောင်ရေး အိပ်မက်ကို အပြီးတိုင် ရိုက်ချိုးနိုင်ခဲ့ပြီတဲ့။

ဒီလမ်းမကြီးကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလကတည်းက ထိန်းချုပ်ထားခဲ့တာ ၁ နှစ်နဲ့ ၉ လကြာမှ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီအတွက် မြေပြင်အင်အား ထောင်ချီ၊ တင့်ကား၊ သံချပ်ကာကား၊ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ် စတာတွေနဲ့ ထိုးစစ်ဆင်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

အရင်တုန်းက ဒုချုပ်စိုးဝင်းကိုယ်တိုင် ဦးစီးခဲ့တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးတောင် မအောင်မြင်ခဲ့တဲ့ ဒီလမ်းကို ခု ၁၀ ရက်အတွင်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောထားပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကော့ကရိတ်ဘက်က ဗိုလ်ကျော်သက်တပ်တွေ ခံတိုက်ထားနိုင်ပေမယ့် ဘယ်အဖွဲ့က ခေါ်လာမှန်းမသိတဲ့ တောလမ်းတွေကနေ ပတ်တက်လာတဲ့ စစ်ကြောင်းတွေကြောင့် သင်္ဃန်းညီနောင်ထိ ရောက်လာတယ်ဆိုတဲ့ အချက်နဲ့ ၂၇၅ က ကောင်တွေ BGF က မတားဘဲ ကိုယ့်တော်လှန်ရေးအဖွဲ့တွေကို အထက်က ဆုတ်ခိုင်းခဲ့လို့ အကုန်ပြန်ပါသွားတယ်ဆိုတဲ့ စကားတွေကိုလည်း ကိုးကားထားတာ တွေ့ရပါတယ်။

ဒီလိုပဲ KNU ကလည်း အားကျမခံ နောက်တစ်ဖက်က ထုတ်ပြန်ပါတယ်။

အာရှလမ်းမကြီး စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း KNLA (စစ်ဌာနချုပ်)၊ KNU (ဗဟို) က ထုတ်ပြန်ပါတယ်။

သူတို့ပြောတာက စစ်အုပ်စုက ပြန်ထိန်းချုပ်ထားတယ်လို့ ဝါဒဖြန့်ပြောဆိုနေမှုအပေါ် ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ စစ်အုပ်စုတပ်သားတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ဆီနဲ့ရေလို ကွာခြားတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်ကတည်းက မြဝတီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အောင်ဇေယျစစ်ဆင်ရေးတောနော်ရေတံခွန်ကို ရောက်ရှိလာခဲ့တဲ့ စစ်တပ်ကို KNLA ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက ထိုင်း-မြန်မာ ချစ်ကြည်တံတား အမှတ် (၂) ကို ထိုးစစ်ဆင်နေမှုကို ရုပ်လိုက်ပြီး အောင်ဇေယျစစ်ဆင်ရေးကို ခုခံကာကွယ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဧပြီ ၂၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့ထိ ၅၀၃ ရက်ကြာ ဟန့်တားနိုင်ခဲ့လို့ အောင်ဇေယျစစ်ဆင်ရေးကို ၅၀၃+ ရက်ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

သူတို့အနေနဲ့ ခံစစ်ရှင်ပျောက်ကျားနည်းဗျူဟာကို ကျင့်သုံးခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းကနေ ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်တပ်ရဲ့ ခြေကုပ်စခန်း ၃ ခု၊ အခြေချစစ်ဗျူဟာစခန်း ၁ ခု၊ တပ်ရင်းဌာနချုပ် ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော့ကရိတ်အခြေပြု စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် (စကခ ၁၂) နဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ထိန်းချုပ်ပြီး တပ်ရင်းဌာနချုပ်တွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပိတ်ဆို့ထားချိန်မှာ KNU တပ်မဟာ ၆၊ တပ်မဟာ ၇ နယ်မြေအတွင်းက စစ်အုပ်စုစခန်း ၁၈ လုံးကို သိမ်းပိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာဆည်ဖို့ အာရှလမ်းမကြီးကိုပဲ အာရုံစိုက်ခဲ့ပြီး စစ်သားမလုံလောက်လို့ ပြည်သူတွေကို အတင်းအကျပ် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး စစ်သားစု၊ အဲဒီစစ်သားတွေကို မူးယစ်ဆေးတိုက်ကာ စစ်သားဒိုင်းအဖြစ် အသုံးချခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်တွေဆီ ရောက်လာတဲ့ စစ်အုပ်စုတပ်သားတွေအားလုံးနီးပါး ဆေးအာနိသင်မပျက်သေးဘဲ ဦးနှောက်ပုံမှန်မဟုတ်တာကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အောင်ဇေယျစစ်ဆင်ရေးမှာ စစ်တပ်က လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်း၊ လေကြောင်းပစ်ကူ အစရှိတဲ့ သာလွန်လက်နက်နဲ့ စစ်တပ်အရင်းအမြစ်အားလုံးကို ထုတ်သုံးခဲ့တာကို တွေ့ရပြီး ၇၀ ကျော်ကြာ နိုင်ငံရဲ့ သယံဇာတတွေကို စိတ်ကြိုက်သုံးစွဲကာ နိုင်ငံတကာအကူအညီနဲ့ ရထားတဲ့ စစ်တပ်ကို ဘယ်နိုင်ငံကမှ အကူအညီမရတဲ့ KNU လက်အောက်ခံတပ်က ၅၀၃+ ရက်ကြာ ပိတ်ဆို့နိုင်ခဲ့တယ်လို့ KNU က ဂုဏ်ယူစွာ ပြောထားပါတယ်။

ဒီတိုက်ပွဲမှာ KNLA, KNDO, PDF, MLA တို့ ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိ ကရင်ပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို KNU က ထိန်းချုပ်ထားတယ်လို့ IPS Myanmar သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာကို ကိုးကားဖော်ပြထားသလို ၂၀၂၄ ခုနှစ်မှာ စစ်အုပ်စုက သန်းခေါင်စာရင်းကောက်ယူရာမှာလည်း ပြည်နယ်အတွင်းက မြို့ ၇ မြို့မှာ မြို့ပေါ်အနီးတစ်ဝိုက်သာ ကောက်ယူနိုင်ခဲ့တယ်လို့ စစ်အုပ်စုအစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

IMG_6831
IMG_6832
IMG_6833
IMG_6834
IMG_6835
IMG_6836
IMG_6830
PlayPause
previous arrow
next arrow
IMG_6831
IMG_6832
IMG_6833
IMG_6834
IMG_6835
IMG_6836
IMG_6830
previous arrow
next arrow
Shadow

ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုဒုက္ခ

ဒီထုတ်ပြန်ချက်နှစ်ခုကို ကြည့်လိုက်ရင် ဘယ်အဖွဲ့က ဘယ်လိုအောင်မြင်တယ်၊ ဘယ်လိုတောင့်ခံနိုင်တယ်ဆိုတဲ့ အောင်မြင်မှုတွေ၊ ဂုဏ်ပြုမှုတွေနဲ့ ဝါဒဖြန့်စကားတွေချည်းပဲ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

အမှန်တော့ ဒီလိုထုတ်ပြန်ချက်တွေဟာ စစ်ပွဲရဲ့ တစ်ဖက်မှာဖြစ်ပေါ်နေတဲ့ အမှန်တရားကို ဖုံးကွယ်ထားတာပါပဲ။

စစ်တပ်တွေ၊ တော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ရဲ့ အောင်မြင်မှုတွေကိုပဲ မီးမောင်းထိုးပြချင်ကြမှာပါ။

ဒါပေမဲ့ ဒီလိုစစ်ပွဲတွေရဲ့ အမှန်တကယ် သက်ရောက်မှုကို ခံစားနေရတာကတော့ ဒေသခံပြည်သူတွေပါ။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးလို အရေးပါတဲ့ လမ်းမပေါ်မှာ ရက်ပေါင်းများစွာ ကြာမြင့်တဲ့ တိုက်ပွဲတွေ၊ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်လာပြီဆိုရင် အဲဒီဒေသမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ဘဝက ဘယ်လိုဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်ဖို့ လိုပါတယ်။

နေအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ အိုးအိမ်မဲ့၊ အစားအသောက်မဲ့ ဖြစ်နေတဲ့ သူတွေရဲ့ ဒုက္ခကို ဘယ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာမှ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။

ဝါဒဖြန့်တာတွေကသာ များနေတယ်။

စစ်ကော်မရှင်ဘက်က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ လမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် KNU ရဲ့ ကော်သူးလေပြည်နယ်ထူထောင်ရေးအိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့တယ်လို့ ပြောပေမယ့်၊ ဒီစစ်ဆင်ရေးမှာ ဘယ်လောက်များတဲ့ လက်နက်တွေ၊ လူအင်အားတွေ အသုံးပြုခဲ့ရလဲဆိုတာကိုလည်း မြင်တွေ့ရပါတယ်။

KNU ဘက်ကလည်း စစ်တပ်က ပြည်သူတွေကို အဓမ္မစစ်သားစုဆောင်းပြီး မူးယစ်ဆေးတိုက်ကာ စစ်သားဒိုင်းအဖြစ် အသုံးပြုတယ်လို့ ပြောကြားတာတွေ၊ စစ်တပ်က နိုင်ငံရဲ့ သယံဇာတတွေကို ထုတ်သုံးပြီး စစ်အင်အားပြခဲ့တာတွေကို ဖော်ပြတာတွေဟာ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြစ်တင်မှုတွေသာ များနေပါတယ်။

အရေးကြီးတာက ဒီလိုတိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပါ။
စစ်မှုထမ်းခေါ်ယူခြင်းနဲ့ အဓမ္မ ပေါ်တာဆွဲ စစ်သားစုဆောင်းခြင်းတွေ ဖြစ်လာနိုင်တယ်လို့ ကရင်ဒေသခံတွေက စိုးရိမ်နေရပါတယ်။

ရွာတွေမှာ နေထိုင်သူတွေဟာ ဘယ်ဘက်ကိုမှ မပါချင်ဘဲ ကြားညပ်ပြီး ဒုက္ခရောက်နေကြရတာပါ။

နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူတွေရဲ့ ဘဝကို ဘယ်သူမှ မီးမောင်းထိုးမပြကြပါဘူး။

ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ ပညာရေးပြတ်တောက်မှုတွေက စစ်ပွဲတွေရဲ့ အနိဌာရုံ နောက်ဆက်တွဲ ပြဿနာတွေပါ။

မြန်မာနိုင်ငံမှာ စာနယ်ဇင်းကျင့်ဝတ်ဟာ စာရွက်ပေါ်မှာသာ ကျန်တော့တာကို သက်သေပြနေသလိုပါပဲ။

စာနယ်ဇင်းသမားတွေရဲ့ တာဝန်

ဒီလိုအခြေအနေမျိုးမှာ သတင်းသမားတွေရဲ့ တာဝန်က အင်မတန် အရေးကြီးပါတယ်။ စာနယ်ဇင်းသမားအများစုဟာ သူတို့ရပ်တည်လိုတဲ့ အဖွဲ့အစည်းရဲ့ ဝါဒဖြန့်ယန္တရားဖြစ်နေကုန်ပြီဆိုတာ စိတ်မကောင်းစရာ အမှန်တရားတစ်ခုပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ စာနယ်ဇင်းကျင့်ဝတ်ဆိုတာ စာရွက်ပေါ်မှာသာ ကျန်နေတော့တာကို တွေ့နေရပါတယ်။

စာနယ်ဇင်းသမားတွေဟာ ဘယ်အဖွဲ့အစည်းရဲ့ ဘက်ကိုမှ မပါဘဲ ကြားနေပြီး စစ်ပွဲတွေရဲ့ အမှန်တကယ် ဆိုးကျိုးတွေကို ဖော်ထုတ်ပြသရမှာပါ။

ဝါဒဖြန့်ချိရေးသတင်းတွေအစား ဒေသခံပြည်သူတွေရဲ့ ဒုက္ခ၊ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ၊ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေရဲ့ ထိခိုက်မှုတွေကို မီးမောင်းထိုးပြရမှာပါ။

ဥပမာအားဖြင့်-
-အာရှလမ်းမပေါ်မှာ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားလို့ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်သွားပြီလဲ။

-စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါးတွေ လုံလောက်မှုရှိရဲ့လား။ ကလေးတွေရဲ့ ပညာရေးက ဘယ်လိုဖြစ်နေလဲ။

-တိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေ ဘယ်လောက်သေဆုံးထိခိုက်ခဲ့လဲ။ ဘယ်သူတွေက ပစ်ခတ်ခဲ့တာလဲ။

-ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဘယ်သူက ဘယ်လိုတာဝန်ယူပေးနေလဲ။

ဒီလိုမျိုး မေးခွန်းတွေ မေးပြီး အဖြေရှာဖို့ သတင်းသမားတွေမှာ တာဝန်ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့သတင်းလောကဟာ အင်မတန် ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရပါတယ်။

သတင်းသမားတွေဟာ ဖမ်းဆီးခံရခြင်း၊ ထောင်ချခံရခြင်း၊ သေဆုံးခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ ဒီလိုအခြေအနေတွေကြားကနေပဲ မှန်ကန်တဲ့သတင်းကို ပေးနိုင်ဖို့၊ လူထုရဲ့ဒုက္ခကို ဖော်ထုတ်ပြသနိုင်ဖို့ ကြိုးစားရမှာပါ။

စစ်ပွဲဆိုတာ အမြဲတမ်း ဆုံးရှုံးမှုတွေ၊ ဒုက္ခတွေနဲ့သာ ပြည့်နှက်နေတာပါ။
နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စစ်ရေးအဖွဲ့အစည်းတွေရဲ့ အောင်ပွဲခံဝါဒဖြန့်မှုတွေကြားမှာ အရပ်သားပြည်သူတွေရဲ့ မျက်ရည်တွေ၊ သွေးတွေဟာ ပျောက်ကွယ်မသွားသင့်ပါဘူး။

သတင်းသမားတွေအနေနဲ့ ဒီအမှန်တရားကို ကမ္ဘာက မြင်အောင်၊ ပြည်သူတွေ သိအောင် ဖော်ထုတ်ပြသဖို့ အရေးကြီးဆုံး တာဝန်တစ်ခုဖြစ်ပါတယ်။

ဒါမှသာ စာနယ်ဇင်းကျင့်ဝတ်ဆိုတာ စာရွက်ပေါ်မှာပဲ ရှိနေတာမဟုတ်ဘဲ လက်တွေ့ဘဝမှာ အသက်ဝင်လာမှာ ဖြစ်ပါတယ်။

Tags: စာနယ်ဇင်းကျင့်ဝတ်ဝါဒဖြန့်ချိရေးသတင်းသမား
Previous Post

ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

Next Post

စံခလပူရီက မွန်ရိုးရာ သဘေႅာဆွမ်းတော်ကြီးတင်ပွဲ

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
စံခလပူရီက မွန်ရိုးရာ သဘေႅာဆွမ်းတော်ကြီးတင်ပွဲ

စံခလပူရီက မွန်ရိုးရာ သဘေႅာဆွမ်းတော်ကြီးတင်ပွဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တရားမဝင်အလုပ်သမား
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝပတ်ဝန်းကျင်
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao