ထိုင်းနိုင်ငံမှာ ဈေးရောင်းရင်း ဖြစ်ကြတဲ့ ပြဿနာကြောင့် ဖက်ချ်ဘူရီ (Phetchaburi) မြို့ ဈေးမှာ ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ကြက်ဥရောင်းတဲ့ လင်မယားနှစ်ယောက်ကို ရဲတပ်ကြပ်ကြီးတစ်ဦးက ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့လို့ ဒီနေ့ (စက်တင်ဘာလ ၆ ရက်) မနက်အစောပိုင်းမှာ စုစုပေါင်း လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
ဖက်ချ်ဘူရီမြို့နယ် ရဲစခန်းက ရဲတပ်ကြပ်ကြီး ဆွမ်ဆတ် (Somkid) ဟာ “လန်းခိုင်နားဝိ (Larn Kai Nah Wik)” ဆိုတဲ့ ကြက်ဥအရောင်းဆိုင်ပိုင်ရှင် လင်မယား ကိုကရစ်ဆဒါ (Krisada) နဲ့ မဆီဝါပေါန် (Sivaporn) တို့ကို ပစ္စတိုနဲ့ ဒီနေ့မနက်မှာ ပစ်သတ်ခဲ့ပါတယ်။
ပြီးတော့ အဲဒီ့ပစ္စတိုနဲ့ပဲ သူ့နဖူးသူ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာကြောင့် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရတာပါ။
ရဲမှူး (အမျိုးသမီး) ဆူနန်သာ ရော့ဖက်ချ် (Sunantha Rodphet)၊ ဖက်ချ်ဘူရီမြို့နယ် ရဲစခန်း စစ်ဆေးရေးမှူးနဲ့ ရဲမှူးကြီး ချုတ်ချိုင် နီယယ်ဆန် (Chokchai Nielson) တို့နဲ့ သက်ဆိုင်ရာ အရာရှိတွေဟာ ဖြစ်ပွားတဲ့နေရာကို သွားရောက် စစ်ဆေးခဲ့ကြပါတယ်။
ဆိုင်ထဲမှာ သွေးအိုင်ထဲ လဲကျနေတဲ့ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီး ၉ မီလီမီတာ CZ ပစ္စတိုနဲ့ ဦးခေါင်းကို အပစ်ခံထားရတာ ဖြစ်ပါတယ်။
အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ဒီဖြစ်ရပ်ဆိုးဟာ ကြက်ဥဈေးနှုန်းဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး တစ်နှစ်ကျော်ကြာ စုဆောင်းလာခဲ့တဲ့ ပဋိပက္ခကြောင့် ဖြစ်ခဲ့တာပါ။
အခၚ်းဖြစ်ပွားခဲ့တဲ့ ဒီနေ့မနက်မှာ ရဲတပ်ကြပ်ကြီး ဆွမ်ဆတ်က ဆိုင်ကို လာပြီး ကိုကရစ်ဆဒါကို အရင်ပစ်ခဲ့ပါတယ်။
ပြီးတော့ သူ့ဇနီး မဆီဝါပေါန်က ဖြစ်စဉ်ကို လာကြည့်တဲ့အခါ သူမကိုပါ ပစ်သတ်ခဲ့ပါတယ်။
အဲဒီနောက် ရဲတပ်ကြပ်ကြီး ဆွမ်ဆတ်ဟာ ဖြစ်တဲ့နေရာကနေ မီတာ ၂၀ အကွာမှာရှိတဲ့ ရုပ်ရှင်ရုံဟောင်း အဆောက်အအုံဆီကို လျှောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါ။
Crd- CaoCao






































