• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    ဘန်ကောက် Blackpink ဖျော်ဖြေပွဲ မြန်မာပြည်က သိန်း ၁၅၀ လောက်အကုန်အကျခံပြီးလာရောက်ကြည့်ရှု

    ဆိုင်းယွတ်မြို့နယ်မှာ တရားမဝင်အလုပ်သမားတင် ပစ်ကပ်ကား အကွေ့မှာ မှောက်မှု – ၃ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    ထိုင်း-မြန်မာနယ်စပ် ဘန့်ဖူနမ်ရွန်းနယ်စပ်ဂိတ်ဖွင့်လှစ်ရေးနှင့် မြန်မာ့လေကြောင်းတိုက်ခိုက်မှု ဆက်စပ်နေသလား

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home Lifestyle စကားပုံ

ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

စာရေးသူ - ထာနာ ဘွန်လော့တ်ဘန်ကောက်ပို့စ် သတင်းစာ

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
September 2, 2025
in စကားပုံ, ဆောင်းပါး, လူ့အခွင့်အရေး
0
ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…
0
SHARES
2
VIEWS
Share on FacebookShare on Twitter

ပြပွဲတစ်ခုက ဖော်ထုတ်ပြလိုက်တဲ့အရာကတော့ ဆင်းရဲမွဲတေမှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ညံ့ဖျင်းမှုကြောင့်မဟုတ်ဘဲ မဖြစ်မနေ ပြုပြင်ရမယ့် စနစ်ရဲ့ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကပေါ့။ အဘိုးမိုင်တို့ မိသားစုတစ်စု ဆူရင်မြို့ကနေ ဘန်ကောက်မြို့ကြီးဆီကို ရထားစီးပြီး ရောက်လာခဲ့ကြတယ်။

တခြားလူငယ်တွေလိုပဲပေါ့၊ မြို့ကြီးပြကြီးမှာ အခွင့်အလမ်းကောင်းတွေ ရှာဖို့ သူတို့လာခဲ့ကြတာ။ အစပိုင်းမှာတော့ နတ်ကွန်းတစ်ခုမှာ တောက်တိုမယ်ရတွေ ကူလုပ်ပေးပြီး နေစရာလေးတစ်ခု ရခဲ့တယ်။

မကြာခင်မှာပဲ သူ တခြားအလုပ်တွေနဲ့ အိပ်စရာနေရာတစ်ခု ရှာတွေ့သွားတယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ ဈေးဆိုင်တွေကို မီးသွေးလိုက်ပို့တယ်၊ အမှိုက်တွေ လိုက်ကောက်တယ်။

တစ်နေ့ကို ဘတ်ငွေ ၁၅၀ ရဖို့အတွက် နာရီပေါင်းများစွာ ကျောကွဲအောင် ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်ခဲ့ရတယ်။

ဒီမြို့ကြီးကို မောင်းနှင်လည်ပတ်နေတဲ့ အင်အားစုတွေထဲက တစ်ယောက်ဖြစ်ပေမယ့် အခု အသက် ၆၀ ကျော်ပြီဖြစ်တဲ့ အဘိုးမိုင်ဟာ ကိုယ်ပိုင်အိမ်တစ်လုံးတောင် မပိုင်ဆိုင်နိုင်သေးပါဘူး။

သူဟာ ကျောက်ဖရားမြစ်ကမ်းနားက တဲလေးတစ်လုံးမှာ နေထိုင်ပါတယ်။ သူ့အခန်းထဲက ရုပ်မြင်သံကြားစက်၊ ရေခဲသေတ္တာနဲ့ တခြားပရိဘောဂပစ္စည်းလေးတွေကလည်း လူတွေ လှူဒါန်းထားတာတွေချည်းပါပဲ။

ကံဆိုးချင်တော့ အခု သူနေတဲ့နေရာလေးက ကော်ဖီဆိုင်တစ်ခုအတွက် နေရာဖယ်ပေးရလို့ အိမ်ရာမဲ့ဘဝကို ရောက်သွားပြန်တယ်။

ဆူရင်မြို့ကိုလည်း သူပြန်လို့မရတော့ဘူး။ သူ့မိဘတွေလည်း ဆုံးပါးသွားခဲ့ပြီ၊ ရှိသမျှ လယ်ယာမြေတွေလည်း အကုန်ရောင်းချထားပြီးပြီလေ။

“အာဏာရှိတဲ့သူတွေကို ကျွန်တော်ပြောချင်တာက ဆင်းရဲသားတွေကို ပိုက်ဆံပေးတာထက်စာရင် အလုပ်အကိုင်လေးတွေ ရှာပေးစေချင်တယ်။ အဲ့ဒါကမှ ရေရှည်အတွက် ပိုခိုင်မာတာ။ အလုပ်ရှိနေရင် ကျွန်တော်တို့ ဘဝတွေ ကျပ်တည်းမွန်းကြပ်မနေတော့ဘူးပေါ့” လို့ သူက ပြီးခဲ့တဲ့လက ဘန်ကောက်အနုပညာနဲ့ ယဉ်ကျေးမှုစင်တာမှာ ကျင်းပတဲ့ စကားဝိုင်းတစ်ခုမှာ ရင်ဖွင့်ခဲ့ပါတယ်။

အဲ့ဒီစကားဝိုင်းဟာ “တန်းတူညီမျှမှု အစစ်လား၊ အတုလား – မြို့ပြဆင်းရဲသားများရဲ့ မညီမျှမှုဆီသို့ ခရီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

ဒီပွဲကို Thai PBS ရုပ်သံလိုင်းရဲ့ The Active ကဏ္ဍနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တန်းတူညီမျှတဲ့ မြို့ပြတစ်ခုဖြစ်လာစေဖို့ လူထုအသိပညာပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာပါ။

Thai PBS က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုကို အခြေခံပြီး ဒီပွဲကို ဖန်တီးခဲ့တာဖြစ်ပြီး ဆင်းရဲမွဲတေမှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ညံ့ဖျင်းမှုကြောင့်မဟုတ်ဘဲ စနစ်ရဲ့ အားနည်းချက်၊ ဖွဲ့စည်းပုံရဲ့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတာကို လူတွေ ပိုနားလည်လာအောင် အပြန်အလှန် အတွေးအမြင်တွေ ဖလှယ်နိုင်မယ့် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

ပုခက်ထဲကနေ သေတဲ့အထိ ဆင်းရဲတွင်းက မထွက်နိုင်
၂၀၂၁ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ လူတွေရဲ့ ဘဝအခက်အခဲတွေကို ကျော်လွှားဖို့ ရုန်းကန်ကြိုးစားနေရတဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။

အခုဆိုရင် Season ၅ ခု၊ စုစုပေါင်း အပိုင်း ၂၇ ပိုင်းအထိ ရှိသွားပါပြီ။ ဥပမာအနေနဲ့ ပြောရရင် အဘိုးမိုင်နဲ့ အန်တီကမ်တို့ဟာ သူတို့ရဲ့ အိုမင်းရင့်ရော်နေတဲ့ ခန္ဓာကိုယ်တွေနဲ့ ဘဝကို ရုန်းကန်နေကြရပုံ၊ ကိုဗစ်ကာလမှာ အလုပ်ပြုတ်သွားတဲ့ တစ်ကိုယ်တော်မိခင် မာလီတစ်ယောက် ပို့ဆောင်ရေးပလက်ဖောင်းတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ရပုံ၊ ကျောင်းသူလေးတွေဖြစ်တဲ့ အေမီနဲ့ ပူပန်တို့ သူတို့မိသားစုအတွက် အိမ်ထောင်ဦးစီးတွေ ဖြစ်လာခဲ့ရပုံတွေကို ရိုက်ကူးပြသထားပါတယ်။

ဒီပြပွဲက မညီမျှမှုတွေဟာ လူ့ဘဝရဲ့ အဆင့်တိုင်းမှာ ဘယ်လိုမျိုး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသလဲဆိုတာကို ဖော်ပြခဲ့တယ်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အနည်းဆုံး ဘတ်ငွေ သုံးသန်းလောက် ကုန်ကျတယ်။ ကလေးတိုင်းလည်း ပညာရေးကို လက်လှမ်းမမီကြဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျောင်းသား တစ်သန်းနီးပါး ကျောင်းထွက်ခဲ့ရတယ်။

အလုပ်အကိုင်ကောင်းတွေက အိမ်နဲ့ အလှမ်းဝေးပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်နှစ်ကို ပျမ်းမျှ ဘတ်ငွေ ၁၃,၉၃၅ လောက် ကုန်ကျနေပါတယ်။

လူတွေ အသက်ကြီးလာတဲ့အခါမှာတော့ ၂၀% လောက်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ဝင်ငွေနဲ့ ရှင်သန်နေရပြီး စုဆောင်းငွေဆိုတာ လုံးဝမရှိပါဘူး။ ပိုဆိုးတာက ၆၅% ဟာ သူတို့ရဲ့ ဆင်းရဲမွဲတေမှုကို နောက်မျိုးဆက်ဆီကို လက်ဆင့်ကမ်း အမွေပေးသွားကြရတာပါပဲ။

ဆင်းရဲချို့တဲ့မှုဟာ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်တန်းစား မိသားစုတွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတုန်းပါပဲ။

ဒီနှစ်အစောပိုင်းမှာ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ရဲ့ အစီရင်ခံစာအရ အခြေအနေတွေ တိုးတက်လာတယ်ဆိုပေမယ့် ထိုင်းလူမျိုး ၂၄.၃ သန်းလောက်ဟာ ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ၇.၁၇ သန်းကတော့ ဆင်းရဲသားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဆင်းရဲမွဲတေမှုမျဉ်းကို တစ်လ ဘတ် ၃,၀၄၃ ဒါမှမဟုတ် တစ်ရက်ကို ဘတ် ၁၀၀ နဲ့ သတ်မှတ်ထားပါတယ်။

လူပေါင်းထောင်သောင်းချီဟာ ဆင်းရဲတွင်းကလွတ်အောင် အပြင်းအထန် ကြိုးစားနေကြပေမယ့် မလွတ်မြောက်နိုင်ကြပါဘူး။

အမျိုးသားစာရင်းအင်းရုံးရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်က လူပေါင်း ၇၉၆,၇၀၀ လောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းမှာ နေရာရွှေ့ပြောင်းခဲ့ကြပါတယ်။ အဲ့ဒီထဲက ၂၇၈,၀၀၀ (၃၅%) ဟာ အလုပ်အတွက် နေရာပြောင်းရွှေ့ခဲ့ကြတာဖြစ်ပြီး ဒါဟာ အများဆုံး ရာခိုင်နှုန်းဖြစ်ပါတယ်။

ပြည်တွင်းရွှေ့ပြောင်းလုပ်သားအများစုဟာ အသက် ၂၀ နဲ့ ၂၉ ကြားအရွယ်တွေဖြစ်ပြီး အထက်တန်း၊ အလယ်တန်းနဲ့ ကျွမ်းကျင်မှုနိမ့်တဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

ဘန်ကောက်အိပ်မက်ကို ရှာပုံတော်ဖွင့်ခြင်း
စကားဝိုင်းမှာ ပါဝင်ပြောကြားခဲ့တဲ့ ယုဒ္ဓနာ “တွမ်တမ်” ပေါင်ကလန်ကလည်း သူ့ရဲ့ “ဘန်ကောက်အိပ်မက်” ကို လိုက်ဖမ်းခဲ့တဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။

နခွန်စဝမ်ကနေ လာခဲ့တဲ့ သူဟာ The Star Season 7 မှာ အနိုင်ရပြီးနောက် နာမည်ကြီးလာခဲ့တာပါ။ သူဟာ အဆိုတော်၊ သရုပ်ဆောင်အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်ခဲ့ပြီးပါပြီ။

သူဟာ မှတ်တမ်းရုပ်ရှင်ထဲက လက်လုပ်လက်စားအလုပ်သမားတွေရဲ့ အပိုင်းကို အခြေခံရိုက်ကူးထားတဲ့ “မြို့ပြက တောပန်းလေး (Dok Ya Pa Concrete)” ဆိုတဲ့ ဇာတ်လမ်းမှာ ချနွန်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ယုဒ္ဓနာက သူ့ငယ်ဘဝတုန်းက မိဘတွေကို ဈေးမှာ ကူညီလုပ်ကိုင်ပေးခဲ့ရတဲ့အကြောင်း ပြန်ပြောပြတယ်။

သူ့မိသားစုဟာ စီးပွားရေးနဲ့ သူ့ရဲ့ပညာရေးအတွက် အကြွေးတွေတင်ပြီး ဆင်းရဲတွင်းနွံထဲ ရောက်သွားချိန်မှာ သူ့ဘဝ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

“ကျွန်တော် သူတို့ကို ကူညီဖို့ ကျောင်းထွက်လိုက်တယ်။ အဲ့ဒါက ပိုက်ဆံရှာဖို့ အလွယ်ဆုံးနည်းပဲလေ။ ပညာရေးက ကျွန်တော့်ကို အလုပ်ရစေမယ်၊ ပိုက်ဆံအလုံအလောက် ရှာပေးနိုင်မယ်လို့ အာမမခံနိုင်ဘူးလေ။ ဒါပေမဲ့ သူတို့ကတော့ ကျွန်တော့်ကို ရှေ့ဆက်စေချင်ခဲ့ကြတယ်” လို့ သူက ပြောပါတယ်။

ယုဒ္ဓနာက သူဟာ ရှက်တတ်တဲ့သူတစ်ယောက် ဖြစ်ပေမယ့် အရည်အချင်းရှိတဲ့ ကျောင်းသားတွေအတွက် ပညာသင်ဆုရဖို့ အဆိုပညာနဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူအဖြစ် ကျွမ်းကျင်အောင် ကြိုးစားခဲ့ရတယ်လို့ ရှင်းပြတယ်။

ဒေသတွင်း ရေဒီယိုပြိုင်ပွဲတစ်ခုမှာ ဆရာတစ်ယောက်က သူ့အရည်အချင်းကို သတိထားမိပြီး သူ့အတွက် သီချင်းတစ်ပုဒ် ရေးစပ်ပေးခဲ့တယ်။

အဲ့ဒီ Demo တိပ်ခွေနဲ့ သူလျှောက်လွှာတင်ခဲ့ပြီး ကံကောင်းစွာနဲ့ ပညာသင်ဆုအပြည့် ရခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပညာသင်ဆုထဲမှာ နေထိုင်စားသောက်စရိတ် မပါဝင်ခဲ့ပါဘူး။ သူ့မိသားစုက တစ်လကို ဘတ် ၄,၀၀၀ ထောက်ပံ့နိုင်တဲ့အတွက် အဲ့ဒီထဲက တစ်ဝက်ကို အဆောင်ခပေးပြီး ကျန်တာကို အစားအသောက်အတွက် သုံးစွဲခဲ့ရပါတယ်။

“တက္ကသိုလ်တက်နေတုန်း The Star Season 6 မှာ သွားပြိုင်တော့ ကျရှုံးခဲ့တယ်။ မိဘတွေရဲ့ ပိုက်ဆံကို ဖြုန်းတီးမိသလိုဖြစ်လို့ အရမ်းဝမ်းနည်းခဲ့ရတယ်။ ဒါပေမဲ့ နောက်တစ်နှစ်မှာ ထပ်ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့ပါတယ် [၂၀၁၁ ခုနှစ်မှာ]။

အခုတော့ ကျွန်တတော့်မှာ အိမ်လည်းရှိပြီ၊ မိသားစုလည်း ရှိနေပါပြီ။ ဒီလောက်အထိ ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ကျွန်တော်ရယ်၊ ချနွန်ရယ်၊ တခြားလူတွေအများကြီးရယ်ဟာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်နေကြတာပါ။

ဒါပေမဲ့ ကြိုးစားတိုင်း အရာထင်တာမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်သိပါတယ်” လို့ သူက ဆိုပါတယ်။

အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ယုဒ္ဓနာက သူနဲ့ တခြားလူငယ်တွေဟာ “စိမ်းလန်းတဲ့မီးရောင်” နောက်ကိုလိုက်ဖို့ အိမ်ကို စွန့်ခွာခဲ့ကြပေမယ့် အခုတော့ အဲ့ဒီအပေါ်မှာ သိပ်မသေချာတော့ဘူးလို့ ဆိုပါတယ်။

“အမေရိကန်အိပ်မက်ကတော့ အားလုံးအတွက် တန်းတူအခွင့်အရေးရှိတဲ့ ကစားကွင်းတစ်ခုမှာ ကြိုးစားခွင့်ပေးတယ်ဆိုပေမယ့် ဘန်ကောက်အိပ်မက်ကတော့ အဲ့လိုမဟုတ်လောက်ဘူး။

ဒါဟာ ကျွန်တော်တို့ကို ချောက်ထဲဆွဲခေါ်သွားမယ့် ထောင်ချောက်တစ်ခုများလား။

ဖခင်တစ်ယောက်အနေနဲ့တော့ ကျွန်တော့်သမီးလေးနဲ့ တခြားကလေးတွေဟာ သူတို့ ကံကောင်းတဲ့သူတွေလားဆိုတာကို စိုးရိမ်ပူပန်နေစရာမလိုဘဲ သူတို့ရဲ့အိပ်မက်တွေကို လိုက်လံအကောင်အထည်ဖော်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

မြို့ပြဆင်းရဲမွဲတေမှုကို ဖြေရှင်းခြင်း
ချင်းမိုင်တက္ကသိုလ်က သမိုင်းပါမောက္ခ အတ္ထချပ် စတ္တယနုရတ် ဦးဆောင်တဲ့ “ပြောင်းလဲလာသော မြို့ပြလူ့အဖွဲ့အစည်းရှိ ဆင်းရဲသားများ” ဆိုတဲ့ လေ့လာမှုတစ်ခုက Thai PBS ကို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

ဒီလေ့လာမှုဟာ ကျူးကျော်ရပ်ကွက်နေသူတွေ၊ တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို အုပ်စုခွဲအမျိုးမျိုးပါဝင်တဲ့ မြို့ပြဆင်းရဲသားတွေရဲ့ ရှုပ်ထွေးတဲ့သဘာဝကို မီးမောင်းထိုးပြခဲ့ပါတယ်။

အဓိကပြောင်းလဲမှုတစ်ခုကတော့ မျိုးဆက်ဟောင်းဆင်းရဲသားတွေဟာ တရားမဝင်စီးပွားရေးလောကမှာ ဆင်းရဲတွင်းကနေ ချမ်းသာတဲ့ဘဝကို ရောက်အောင် တက်လှမ်းနိုင်ခဲ့ကြပေမယ့် ပညာအရည်အချင်း ပိုမြင့်လာတဲ့ မျိုးဆက်သစ်ဆင်းရဲသားတွေအတွက်တော့ အဲ့ဒီလို အဆင့်အတန်းတက်လှမ်းဖို့ အများကြီး ပိုခက်ခဲလာတာပါပဲ။

ဒါ့အပြင် မြို့ပြအဆင့်မြှင့်တင်မှုတွေ (gentrification) ဟာ ဆင်းရဲသားတွေကို နေရာရွှေ့ပြောင်းစေရုံသာမက လူလတ်တန်းစားတွေကိုပါ ဘေးထွက်ကြည့်နေသူတွေအဖြစ် ပြောင်းလဲစေပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။

ပါမောက္ခ အတ္ထချပ်က ထိုင်းလူ့အဖွဲ့အစည်းကို နောက်ပြန်ဆွဲနေတဲ့ အဓိကလက္ခဏာရပ်သုံးခုကတော့ အထက်အောက် အဆင့်အတန်းခွဲခြားမှု၊ လူ့ကံကြမ္မာကို တစ်ဦးတစ်ယောက်ချင်းရဲ့ ကိစ္စလို့ သတ်မှတ်လိုက်ခြင်းနဲ့ လူမှုရေးပြဿနာတွေကိုလည်း လူတစ်ဦးတစ်ယောက်ရဲ့ ပြဿနာအဖြစ် ရှုမြင်ခြင်းတို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းလူမျိုးတွေဟာ အခက်အခဲကြုံနေရသူတွေအပေါ် သနားကြင်နာတတ်ကြပေမယ့် လက်ရှိအနေအထားကို မေးခွန်းထုတ်ဖို့တော့ ဘယ်တော့မှ မလုပ်ကြဘူးလို့ ဆိုပါတယ်။

သူက ရုပ်ရှင်ဖန်တီးသူတွေအနေနဲ့ ပရိသတ်ဆီကနေ ကိုယ်ချင်းစာတရားကို နှိုးဆွပြီး လူမှုတရားမျှတမှုကို ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြို့ပြဆင်းရဲမွဲတေမှုရဲ့ ရှုပ်ထွေးတဲ့သဘာဝကိုလည်း ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာသင့်တယ်လို့ ဆိုပါတယ်။

“ထိုင်းလူ့အဖွဲ့အစည်းဟာ အပြောင်းအလဲအတွက် ပိုပြင်းပြတဲ့ ဆန္ဒတစ်ခု လိုအပ်နေပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေဟာ လူတွေအနေနဲ့ ကိုယ့်လမ်းကိုယ်ရွေးချယ်နိုင်တဲ့ တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို မျှော်မှန်းတောင့်တလာအောင် လှုံ့ဆော်ပေးသင့်ပါတယ်” လို့ သူက ပြောပါတယ်။

လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Mirror Foundation ကို တည်ထောင်သူ ဆွန်ဘတ် ဘွန်ငမနွန်ကတော့ ဆင်းရဲမွဲတေမှုရဲ့ အကြောင်းရင်းဟာ အလုပ်လက်မဲ့ဖြစ်ခြင်း၊ နာမကျန်းဖြစ်ခြင်းလို အခက်အခဲတွေကြောင့် ဖြစ်လာတဲ့ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတွေကနေ ဆင်းရဲမွဲတေမှုက စတာပါပဲလို့ ဆိုပါတယ်။

လူတွေဟာ ရုန်းကန်ကြိုးစားရင်း ရှုံးနိမ့်သွားတဲ့အခါ သူတို့ရဲ့ မျှော်လင့်ချက်မဲ့မှုက သူတို့ကို ဆင်းရဲတွင်းထဲကို ဆွဲသွင်းသွားပါတော့တယ်။

သူဟာ အိမ်ရာမဲ့တွေရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲပေးဖို့ စီမံချက်တစ်ခုကို စတင်ခဲ့ပါတယ်။

“ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ တချို့ကတော့ လုံးဝ စိတ်မဝင်စားကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က အရှုံးပေးလိုက်ကြပြီလေ။ တချို့ကတော့ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့ သွားနဲ့ကိုက်ပြီး လက်သည်းနဲ့ကုတ်ပြီး တိုက်ပွဲဝင်ကြတယ်” လို့ သူက ပြောပါတယ်။

“ကျွန်တော့်ကို အလုပ်ခန့်ပါ (Jangwan Ka)” လို့ အမည်ပေးထားတဲ့ ဒီစီမံချက်ဟာ အများစုက သက်ကြီးရွယ်အိုတွေဖြစ်ကြတဲ့ အိမ်ရာမဲ့တွေကို အလုပ်အကိုင်ပေးနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ချူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးအင်စတီကျုရဲ့ စစ်တမ်းအရ တစ်နိုင်ငံလုံးမှာ အိမ်ရာမဲ့ ၂,၅၀၀ ခန့်ရှိပြီး အဲ့ဒီထဲက တစ်ဝက်လောက်ဟာ ဘန်ကောက်မှာ ရှိနေပါတယ်။

အိမ်ရာမဲ့ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အလုပ်လက်မဲ့ဖြစ်ခြင်း (၄၄.၇၂%)၊ မိသားစုပြဿနာ (၃၅.၁၈%) နဲ့ အရက်စွဲခြင်း၊ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်ပါတယ်။

“လာတော့မယ့် ‘သက်ကြီးရွယ်အို မုန်တိုင်း’ ကို ထည့်စဉ်းစားရင် ကျွန်တော်က စီမံချက်မှာ ပါဝင်သူ ၂၀၀ ကျော်ကို ဘယ်လိုများ အလုပ်ပေးနိုင်မှာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။

ဆွန်ဘတ်က ဂျပန်၊ စင်္ကာပူနဲ့ အမေရိကန်လို နိုင်ငံတွေက အထမ်းသမား၊ လမ်းဘေးဈေးသည်၊ ငွေရှင်းကောင်တာဝန်ထမ်းလို သက်ကြီးရွယ်အိုတွေအတွက် အလုပ်ခွဲတမ်းသတ်မှတ်ပေးတဲ့ အကောင်းဆုံး အလေ့အကျင့်တွေကို မျှဝေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းလူမျိုးတွေအတွက်ကတော့ အငြိမ်းစားယူရင် ဘိုးဘွားရိပ်သာမှာ သွားနေဖို့ စဉ်းစားကြတာက အလော့အထတစ်ခုဖြစ်နေပြီး အဲ့ဒီရိပ်သာတွေကလည်း တိုးပွားလာတဲ့ ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။ လမ်းပေါ်မှာ သေဆုံးနေရတဲ့ လူပေါင်းထောင်ချီရှိတဲ့ “သက်ကြီးရွယ်အို မုန်တိုင်း” ရဲ့ အတိုင်းအတာဟာ သူ့လက်ထဲကနေ လွတ်ထွက်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

“အချိန်မီပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးကို ရှောင်လွှဲနိုင်ဖို့အတွက် ပိုက်ဆံစုကြပါ၊ အစိုးရကိုလည်း လူမှုဖူလုံရေးအစီအစဉ်တွေ အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုကြပါလို့ ကျွန်တော်တိုက်တွန်းပါတယ်။ ဒါ့အပြင် စီးပွားရေးကဏ္ဍမှာ သက်ကြီးရွယ်အို အလုပ်အကိုင်ရရှိရေးကို အားပေးတဲ့ ဥပဒေတစ်ခုကိုလည်း ပြဋ္ဌာန်းသင့်ပါတယ်” လို့ သူက ပြောပါတယ်။

“နောက်ဆုံးအနေနဲ့ ခင်ဗျားတို့မှာ သွားစရာနေရာမရှိတော့ဘူးဆိုရင် ကျွန်တော့်စကားကို မှတ်ထားပါ… ဘုရားကျောင်းကိုသာ သွားကြပါတော့!”

Tags: ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…
Previous Post

အင်္ဂလိပ်ခေတ်က ယာယီဘုရင်ခံမွန်လူမျိုး

Next Post

စံခလပူရီ ဆင်အော်ကုန်း ယာဉ်မတော်တဆမှုလျှော့ချရေး အမှတ် ၃၂၃ လမ်းမကြီးမှာ ကုန်တင်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
စံခလပူရီ ဆင်အော်ကုန်း ယာဉ်မတော်တဆမှုလျှော့ချရေး အမှတ် ၃၂၃ လမ်းမကြီးမှာ ကုန်တင်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

စံခလပူရီ ဆင်အော်ကုန်း ယာဉ်မတော်တဆမှုလျှော့ချရေး အမှတ် ၃၂၃ လမ်းမကြီးမှာ ကုန်တင်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တရားမဝင်အလုပ်သမား
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝပတ်ဝန်းကျင်
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao