ဘန်ကောက်- ဇူလိုင်(၁၀)
ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းက တရားခံ ၇၀ ကို ထောင်ဒဏ် ၂၄ နှစ်အထိ ပြစ်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအမှုကတော့ ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်းစီသမ္မာဆက်ပြည်နယ်မှာ ၄ ထပ်တိုက်တစ်ခုငှားပြီး အခြေစိုက်လုပ်ကိုင်နေတဲ့ တရုတ်နဲ့ထိုင်းနိုင်ငံသားတွေပါတဲ့ ကျားဖြန့်ဂိုဏ်းကြီးကို ဖြိုခွင်းခဲ့တဲ့အမှု ဖြစ်ပါတယ်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) နဲ့ ရဲတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဒီဂိုဏ်းရှိရာ အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲ့ဒီမှာ တရုတ်နိုင်ငံသား ၅၂ ယောက်နဲ့ ထိုင်းနိုင်ငံသား ၁၉ ယောက်၊ စုစုပေါင်း ၇၁ ယောက်ကို ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် သူတို့ဆီကနေ ကွန်ပျူတာ အလုံး ၂၂၀ ကျော်၊ လက်ကိုင်ဖုန်း အလုံး ၁၀၀၀ ကျော်၊ ဆင်းကတ် ၃၀၀ နီးပါးနဲ့ ဘဏ်အကောင့်စာအုပ်ပေါင်းများစွာကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဖမ်းမိတဲ့သူတွေထဲက လူ ၇၀ ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်တွေကို ထောင်ဒဏ် ၂၄ နှစ်စီ၊ ကျန်တဲ့သူတွေကိုတော့ ထောင်ဒဏ် နှစ်အနည်းငယ်စီ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ သူတို့ လိမ်လည်ထားတဲ့ ပိုက်ဆံတွေကိုလည်း အလိမ်ခံခဲ့ရသူတွေဆီ ပြန်ပေးဖို့ တရားရုံးက အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
Source- ဘန်ကောက်ပို့




































