၁၉၆၁ ခုနှစ် မေလ ၁၃ ရက်နေ့၌ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ်သည် ပြည်နယ်ပေးရေးဆိုင်ရာ အဆိုပြုချက်အသစ်တစ်ရပ် ကိုတင်သွင်းခဲ့သည်။
ဦးနု၏အဆိုပြုချက်သစ်တွင် အချက် ငါးချက်ပါဝင်ပြီး အနှစ်ချုပ်သဘောမှာ မဲပုံးထောင်စနစ်ကို မကျင့်သုံးတော့ဘဲ မွန်ပြည်နယ်ကို အဆင့်သုံးဆင့် ဖြင့် အကောင်အထည်ဖေါ်သွားရန်စီစဉ်ထားခြင်း ဖြစ်သည်။
ပထမအဆင့်တွင် မွန်ရေးရာ ဝန်ကြီး ခန့်ရန်၊ ဒုတိယအဆင့်တွင် မွန်ပြည်နယ်ပြင်ဆင်ရေးကော်မတီ ဖွဲ့ရန်နှင့် တတိယအဆင့်တွင် မွန်ပြည်နယ်ဖွဲ့စည်းရန် အစီအစဉ်များပါဝင်သည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ မွန်ရေးရာ ဝန်ကြီးတစ် ဦးခန့်ထားပေးရေးမူကို မွန်ပြည်သူ့တပ်ဦးနှင့် မွန်ပြည် နယ်ဖေါ်ထုတ်ရေးကော်မတီတို့လည်း ယာယီအားဖြင့် သဘောတူလက်ခံကြသည်ဟုဆိုသည်။
(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။


