၁၉၆ဝ ပြည့်နှစ်တွင် ကျင်းပသည့် လွှတ်တော် ရွေးကောက်ပွဲ၌ သန့်ရှင်း ဖဆပလအဖွဲ့မှ အပြတ် အသတ်အနိုင်ရရှိပြီးနောက်ပိုင်းတွင် သန့်ရှင်းမွန်အမျိုး သားအဖွဲ့ချုပ်မှ မွန်ပြည်နယ်ရရှိရေးကို တောင်းဆိုကြသည်။
၁၉၆ဝပြည့်နှစ် မတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားအဖွဲ့ချုပ်မှကျင်းပသည့် သတင်းစာကွန်ဖရင့်၌ ဥက္ကဌ ဦးဖေသန်း ၊ အတွင်းရေးမှူး ဦးငွေစိုးတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။
ရွေးကောက်ပွဲမတိုင်မီ က မော်လမြိုင်မြို့၌ ကျင်းပသော မွန်ရေးရာညီလာခံတွင် သန့်ရှင်း ဖဆပလ ဥက္ကဌကြီး ဦးနုက မွန်ပြည်နယ် ကို အများစုကလိုလားပါက ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့ရာ ထိုကတိအရ ဦးနုခေါင်းဆောင်သော သန့်ရှင်း အစိုးရက မွန်ပြည်နယ်ပြဿနာကို ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ယခုကဲ့သို့ မွန်ပြည်နယ် တောင်းဆိုရခြင်းမှာ မွန်ယဉ်ကျေးမှုနှင့်စာပေများ ပျောက်ကွယ်သွားမည်ကိုစိုးရိမ်၍ တောင်းဆိုရခြင်းဖြစ် ကြောင်း ၊ သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ်မှ ခေါင်းဆေါင်များက ရှင်းလင်းပြောကြားသည် ။
သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ်မှ ခေါင်းဆေါင်များကပင် ဆက်လက်ရှင်းပြရာတွင် မွန်ပြည်နယ်ပေးရေး အတွက် အရည်အချင်းပြည့်ဝစေရန် ပထမဦးစွာ မွန်ရေး ရာကောင်စီကို ဖွဲ့စည်းပေးရန်နှင့် မွန်ပြည်နယ်ကိစ္စတွင် မိမိတို့ သန့်ရှင်းမွန်အမျိုးသားအဖွဲ့ကို ဦးစားပေးတိုင်ပင်ရန် အစိုးရအဖွဲ့သစ်ထံ တောင်းဆိုမည်ဖြစ်ကြောင်း ၊ မွန်အမျိုးသားများသည် အကွဲကွဲအပြားပြားရှိနေသည်မှာ မှန်သော်လည်း မွန်လူထုအနေဖြင့် မွန်ပြည်နယ်ရရှိရေး သဘောထားမှာ တစ်ခုတည်းဖြစ်ကြောင်း ပြောကြားကြသည်။
သတင်းထောက်များက မွန်ပြည်နယ်ပေးလျင် မည်သည့်ဒေသအကျယ်အဝန်းရှိမည်ကို မေးမြန်းရာ ဥက္ကဌဦးဖေသန်းက ကျိုက်ခမီခရိုင် ၊ ကရင်ပြည်နယ်ဒေသအချို့ စစ်တောင်းမှ ရေးအထိ အကျယ်အဝန်းရှိမည်ဖြစ်ကြောင်း ဖြေကြားသွားသည် ။

(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။