နိုင်ငံတော်အစိုးရအကြံပေးအဖွဲ့သည် ရန်ကုန် မြို့ရှိ မွန်ခေါင်းဆောင်များ မွန်လူကြီးများနှင့်တွေ့ဆုံမေး မြန်းပြီးနောက် မော်လမြိုင်သို့သွားရောက်ရန် စီစဉ်ခဲ့ရာ မော်လမြိုင်မြို့ရှိ မွန်အဖွဲ့ပေါင်းစုံက မိမိတို့၏သဘောထားကို အချိန်မီထုတ်ပြန်နိုင်ရန်အတွက် တွေ့ဆုံညှိနှိုင်း ပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
တွေ့ဆုံညှိနှိုင်းပွဲကို ၁၉၆ဝ ပြည့်နှစ် ၊ ဇူလိုင်လ ၁၆ ရက်နေ့က မွန်ပြည်သူ့တပ်ဦး ဌာနချုပ်တွင် ကျင်းပခြင်းဖြစ်သည်။
ညှိနှိုင်းပွဲသို့ မွန်တိုင်းရင်းသားအစည်းအရုံး၊ သန့်ရှင်းမွန်အဖွဲ့ ၊ ရာမည တိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ ၊ တည်မြဲ ဖဆပလနှင့် မွန်ပြည်သူ့တပ်ဦးတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
“အကြံပေးအဖွဲ့မော်လမြိုင်တွင် မွန်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း”
မွန်ပြည်နယ်ပြဿနာစုံစမ်းရေးအတွက် အကြံပေးအဖွဲ့ဝင်များဖြစ်ကြသော ဦးတင် ၊ ဦးချစ်သောင်း နှင့် ဦးအုံးဖေတို့ခေါင်းဆောင်သည့်အဖွဲ့သည် ၁၉၆ဝ ပြည့် နှစ် ၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ရောက်ရှိလာသည်။
အကြံပေးအဖွဲ့သည် မွန်ပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ ပထစခေါင်းဆောင်များကို တစ်ဦးချင်းခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သည်။
အကြံပေးအဖွဲ့က မွန်တပ်ဦးခေါင်းဆောင်နိုင်အောင်ထွန်းအား မေးမြန်းရာတွင် မွန်ပြည်နယ်ကို ဆန္ဒမဲဖြင့်မပြုလုပ်သင့်ကြောင်း ၊ မွန်လူထုသည် ၁ဝ နှစ် ၁ဝ မိုး ပြည်နယ်လို လားကြောင်း ဆန္ဒပြုခဲ့ဘူးပြီးဖြစ်ကြောင်း ၊ ကရင်ပြည် နယ်ထဲတွင်ပါဝင်နေသော မွန်ကျေးရွာ ၅၈ ရွာကိုလည်း မွန်ပြည်နယ် သတ်မှတ်ရာတွင် ထည့်သွင်းသင့်ကြောင်း ၊ ကရင်ပြည်နယ်သတ်မှတ်စဉ်က မိမိတို့ မကန့်ကွက်ခြင်း မှာ တောတွင်းလက်နက်ကိုင်ဘဝနှင့်ရောက်နေရခြင်း ကြောင့်ဖြစ်ကြောင်း ၊ မိမိတို့လက်နက်စွန့်ခဲ့သည်မှာလည်း မွန်ပြည်နယ်ပေးမည်ဟူသော ဝန်ကြီးချုပ်ဦးနု၏ ဂတိကိုယုံကြည်၍ဖြစ်ကြောင်း စသည်ဖြင့် နိုင်အေါင်ထွန်းက တင်ပြသည်။


