မွန်ပြည်နယ်အကောင်အထည်ဖေါ်ရာ၌ လူထု ဆန္ဒမယူသင့်ကြောင်း ဟီတဂဝေသီ မွန်သံဃာအဖွဲ့ချုပ် က၎င်းတို့၏ သဘောထားကို ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဟီတဂဝေသီ မွန်သံဃာအဖွဲ့ချုပ်မှ ဥက္ကဌ ဦးဣန္ဒသာရနှင့် အတွင်းရေးမှူး ဦးပါဠိတတို့က သတင်းထောက်များကို ရှင်းလင်းပြောကြားရာတွင် မွန်ပြည်နယ် အကောင် အထည်ဖေါ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အကြံပေး အဖွဲ့တို့က လူထုဆန္ဒခံယူမည်ဆိုပါက လူမျိုးရေးပြဿ နာများပဋိပက္ခများပေါ်ပေါက်လာပြီး ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်နိုင်ကြောင်း၊ အခြားပြည်နယ်များပေးခဲ့စဉ် ကလူထုဆန္ဒကို တစ်ကြိမ်မျှ မခံယူခဲ့ဘူးကြောင်း ၊ ယခု မှ လူထုဆန္ဒကိုခံယူမည်ဆိုပါက အစဉ်အလာကို ဆန့်ကျင်ရာရောက်မည်ဖြစ်ကြောင်း ၊ ၁၉၆ဝပြည့်နှစ် ဩဂုတ်လပါလီမန်တွင် မွန်ပြည်နယ်ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းသတ်မှတ်ပေးရန်တောင်းဆိုကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။



