ဝန်ကြီးချုပ် ဦးနုသည် မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ် အကောင်အထည်ဖေါ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအား အကြံပေးရန် နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာ ဦးဘဦး ခေါင်းဆောင်သော နိုင်ငံတော် အစိုးရအတိုင်ပင်ခံအကြံပေးငါးဦးအဖွဲ့အား ၁၉၆၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့သည်။
မွန်ပြည်နယ်အကောင်အထည်ဖေါ်ရေးနှင့် ပတ်သက်၍ အစိုးရအတိုင်ပင်ခံအကြံပေးအဖွဲ့သည် မေလ ၁၄ ရက်နေ့မှစ၍ မွန်ခေါင်းဆောင်များကို ခေါ်ယူတွေ့ ဆုံပြီး ၎င်းတို့၏သဘောထားကို စုံစမ်းမေးမြန်းခဲ့သည်။
မွန်ဘိုးချိုအား အတိုင်ပင်ခံအကြံပေး အဖွဲ့က စုံစမ်းမေးမြန်းရာတွင် မွန်ဘိုးချိုက ဒီမိုကရေစီအခွင့် အရေးဆုံးရှုံးမှုများတွင် အနစ်နာဆုံးသော ဆုံးရှုံးမှုသည် လူမျိုးတိမ်ကောပပျောက်မှုပင်ဖြစ်ကြောင်း ၊ မွန်လူမျိုးများသည် ပုသိမ် ၃၂ မြို့ ၊ ဟံသာဝတီ ၃၂ မြို့ ၊ မုတ္တမ ၃၂ မြို့ဟူ၍ ရှိခဲ့ရာမှ ယခုအခါ စကားရောစာပါ တိမ်ကော ပပျောက်နေပြီဖြစ်ကြောင်း ၊ မုတ္တမဘက်၌သာ မွန်စာ ၊ မွန်စကားကျန်ရှိတော့ရာ ယခုအတိုင်းဆက်လက်ထားရှိမည်ဆိုလျှင် ပျူလူမျိုးပပျောက်သကဲ့သို့ မွန်လူမျိုးပါ ပ ပျောက်သွားနိုင်ကြောင်း မွန်ဘိုးချိုက တင်ပြသည် ။






(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။