မော်လမြိုင်မှ မွန်အဖွဲ့အစည်းပေါင်းစုံ မွန်ခေါင်း ဆောင်တို့သည် ပြည်နယ်တောင်းဆိုရာ၌ ကရင်ပြည် နယ်တွင်ပါဝင်နေသော မွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည် နယ်သတ်မှတ်ရာတွင် ထည့်သွင်းပေးရန်ဟူသောအချက် တစ်ချက်လည်းပါဝင်ခဲ့သည်။
နိုင်ငံတော်အကြံပေးအဖွဲ့ဝင်များ ပြည်နယ်စုံစမ်းရေးအတွက် လာရောက်စဉ်က လည်း ထိုမွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်နယ်သတ်မှတ် ပေးရာတွင် ထည့်သွင်းပေးရန်တင်ပြကြသည်။
ဤကဲ့ သို့ ကရင်ပြည်နယ်တွင်းမှ မွန်ကျေးရွာများကို မွန်ပြည်နယ်သတ်မှတ်ရာတွင် ထည့်သွင်းပေးရန် မွန်တို့က တေါင်းဆိုခြင်းမှာ ကရင်ပြည်နယ်အစိုးရက ၎င်းမွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်နယ်အတွင်းသို့ပါဝင်လိုက ပါဝင်ခွင့်ပြု မည်ဟူသော ကတိကိုရရှိထားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
မွန်ကျေးရွာ ၅၈ ရွာရှိ မွန်လူထုကလည်း မွန်ပြည်နယ်တွင်သာပါဝင်လိုသည့် ဆန္ဒရှိသည်ဟု သိရှိရသည် ။
(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။
