ယနေ့ ည ၇ နာရီ ၂၀ ခန့်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Lotus စတိုးဆိုင်အတွင်း ရွှေဆိုင်တစ်ဆိုင်လုယက်မှုကြီး ဖြစ်ပွားခဲ့သည်။
လုယက်သူမှာ Line Man အကျီဝတ်ဆင်ထားသော လူတစ်ဦးဖြစ်ပြီး သေနတ်ပြကာ ရွှေထည် ၆၀ သားခန့် လုယူသွားခဲ့ကြောင်း သတင်းရရှိသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “လက်ရှိ ထိုင်းရဲတပ်ဖွဲ့များက အမှုဖြစ်စဉ်ကို စစ်ဆေးနေပြီး ထိုင်းနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိထား၍ သွားလာသင့်ကြောင်း” သတိပေးပြောကြားခဲ့သည်။
ဤဖြစ်ရပ်သည် မဲဆောက်မြို့တွင် လုံခြုံရေးအခြေအနေကို စိုးရိမ်စရာအဖြစ် ပြန်လည်သတိပေးလိုက်သည့် အဖြစ်အပျက်တစ်ခုဖြစ်ပြီး ဒေသခံများနှင့် နိုင်ငံခြားသားများအနေဖြင့် ပိုမိုသတိထားနေထိုင်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။
ထပ်မံသတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
သတိထားကြပါ။ လုံခြုံရေးကို အထူးဂရုပြုကြပါ။


