ရေး- ၂၀၂၅ ဖေ (၁)
ရေးမြို့မရဲစခန်းရှေ့၌ ယနေ့နံနက် ၉ နာရီခန့်က အချုပ်သားများအား မြက်ရှင်းလင်းခိုင်းနေစဥ် ပြုတ်ကျလာသောစခန်းမှူး၏ ခြောက်လုံးပြူးကို အချုပ်သားတစ်ယောက်က ရုတ်တရက်ကောက်ယူပြီး ပစ်ခတ်ရာ စခန်းမှူးအပါအဝင် ရဲ ၃ ယောက် သေဆုံးသွားကြောင်း သတင်းရရှိသည်။
ရေးမြို့ခံတစ်ဦးက “အချုပ်သားတွေကို မြက်ရှင်းခိုင်းနေတုန်းမှာ စခန်းမှူး ခြောက်လုံးပြူးပြုတ်ကျတာ အချုပ်သား တစ်ယောက်က ချက်ချင်းကောက်ယူပြီး စခန်းမှူးရော ရဲတွေကိုပါ ၃ ချက်တိတိပစ်လိုက်တယ်၊ ပြီးတော့ အဏ္ဏဝါဘက်ကို သူတို့ ၂ ယောက် ထွက်ပြေးထွက်ပြေးလွတ်မြောက်သွားတယ်၊ မြို့ထဲကျုံးဘက်ကို ထွက်ပြေးတဲ့အချုပ်သား ၃ ယောက်ကိုတော့ ပြန်ဖမ်းမိတယ်” ဟု ပြောသည်။
အခင်းဖြစ်ပွားစဥ်တွင် အချုပ်သား ၅ ယောက်ထွက်ပြေးသွားကြောင်း၊ ပစ်ခတ်သူနှင့် အဖော်တစ်ဦးမှာ စခန်းမှူး၏ခြောက်လုံးပြူးနှင့်အတူ ရဲစခန်းအရှေ့ဘက်သို့ ထွက်ပြေးလွတ်မြောက်သော်လည်း စခန်း၏တောင်ဘက်အခြမ်း ရေးမြို့လယ်ကျုံးဘက်သို့ ထွက်ပြေးသွားသူ လက်ဗလာ အချုပ်သား ၃ ဦးကို ပြန်လည်ဖမ်းဆီးမိကြောင်း သိရသည်။
“ဒဏ်ရာရတဲ့ စခန်းမှူးနဲ့ ရဲတွေကို ခရိုင်ဆေးရုံတင်ရင်း ဒဏ်ရာနဲ့ ဆုံးသွားပြီ” ဟု ၄င်းက ဆက်ပြောသည်။
အခင်းဖြစ်ပွားစဥ်တွင် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ G1 ရေးမြို့ပေါ်ရပ်ကွက်တစ်ခုသို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပြီး ၄င်း၏လုံခြုံရေးတပ်ဖွဲ့က ရှာဖွေပစ်ခတ်ဖမ်းဆီးနေသဖြင့် မြို့ပေါ်တွင် သေနတ်သံများ ယနေ့နံနက်ပိုင်းက ဆူညံစွာဖြစ်ပေါ်သွားခဲ့ပြီး မော်တော်ယာဥ်များမှာ မြို့ပြင်တွင် ပိတ်မိနေခဲ့သည်။

See insights and ads
All reactions:
7676