မုဒုံ- ၂၀၂၅ ဖေဖေါ်ဝါရီ (၁)
မုဒုံမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မရဲစခန်းဝင်းအတွင်း ယမန်နေ့ နံနက်ပိုင်းအချိန်က Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၃၁) ရက်နေ့ မနက် (၇) နာရီအချိန်ခန့်က အဆိုပါ မုဒုံမြို့မရဲစခန်းဝင်းအတွင်းရှိရဲစခန်းရုံး အနောက်ဘက်မြေကွက်လပ်သို့ Drop Bomb တစ်လုံးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောကြားသည်။
“Drop Bomb က မြေကွက်လပ်ပေါ်ကိုကျပြီးပေါက်ကွဲခဲ့လို့ လူနဲ့ အဆောက်အအုံထိခိုက်မှုတော့ မရှိခဲ့ဘူး” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုသို့ မုဒုံမြို့မရဲစခန်းဝင်းအတွင်း Drop Bomb ကျရောက်ပေါက်ကွဲပြီးနောက် ရဲစခန်းဝန်းကျင်ရှိလမ်းများအား ပိတ်ထားခဲ့ကြောင်း နှင့် နံနက် (၈) နာရီအချိန်ခန့်မှသာ လမ်းများပြန်ဖွင့်ခဲ့ကြောင်း ၎င်းမြို့ခံက ဆိုသည်။
ထိုတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။
အလားတူ (၂၀၂၄) ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ကလည်း အဆိုပါ မုဒုံမြို့မရဲစခန်းအနီးသို့ အသေခံ ဒရုန်းယာဉ်တစ်စီး ပေါက်ကွဲပျက်ကျမှုဖြစ်ပွားခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။

See insights and ads
All reactions:
2121