စံခလပူရီ၊ ၂၀၂၅ ဖေ (၁)
ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့ စံခလယ်မြစ်ကမ်းနံဘေးရှိ တည်းခိုခန်းတစ်ခုအတွင်း ရောက်ရှိနေသော တရားမဝင်မြန်မာ ၁၀ ဦး ယနေ့နံက်စောစောပိုင်းတွင် ရဲများလာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ တည်းခိုခန်းတစ်ခု၌ တည်းခိုနေစဥ် ယနေ့နံနက် ၂ နာရီအချိန်က ထိုင်းရဲကားလှည့်ကင်းတစ်ခုက လာရောက်ခေါ်ဆောင်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ကားသမားတစ်ဦးက “အခုရက်ပိုင်းတွေမှာ တရားမဝင်ရွှေ့ပြောင်း လုံးဝတင်မလာနဲ့လို့ အသိရဲတွေက ပြောထားတယ်၊ အထက်က လူကြီးတွေ စောင့်ကြည့်နေတယ်၊ လုံခြုံရေးအထူးတင်းကျပ်ထားတယ်၊ အချိန်တိုင်း ဖမ်းနေမှာပဲလို့ပြောတယ်”ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ ဘုရားသုံးဆူနယ်စပ်နှင့် ထိစပ်နေသော စံခလပူရီမြို့နှင့် ကန်ချနပူရီမြို့သို့ သွားရောက်နိုင်သော ရေးလမ်း၊ ကားလမ်းနှင့် တောင်ပေါ်တောလမ်းကြောင်းများတွင် လူအဝင်အထွက်များကို ထိုင်းလုံခြုံရေးအဖွဲ့က စုံစမ်းထောက်လှန်းလျက်ရှိပြီး တရားမဝင် ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို နေ့စဥ်နေ့တိုင်း ဖမ်းဆီးလျက်ရှိသည်။
ကန်ချနပူရီပြည်နယ်ရဲမှူးကြီး ဦးဆောင်၍ စံခလပူရီ ရဲအုပ်နှင့် အရာရှိများ၊ ရဲစခန်းစုံထောက်ဌာနမှ တရားမဝင်မြန်မာရွှေ့ပြောင်းဝင်ရောက်လာမှုကို အထူးစောင့်ကြည့်ဖမ်းဆီးနေကြောင်း သိရသည်။
ယနေ့နံက်စောစောက ဖမ်းဆီးမိသော တရားမဝင်မြန်မာနိုင်ငံသား ၁၀ ဦးကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကန်ချနပူရီဒေသ သတင်းက ရေးသားသည်။

See insights and ads
All reactions:
3434