ရေး- ၂၀၂၅ ဖေ (၁)
ရေးမြို့နယ် ကျုံလောင်းရွာအရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီစစ်ကြောင်း တကြော့ပြန် ထိုးလာကြောင်း မြေပြင်သတင်းအရ သိရသည်။
အလားတူ ရေးတောင်ပိုင်း ရင်းရဲ၊ ရင်းဒိန်းအနီးတဝိုက်တွင်လည်း ယမန်နေ့က စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း လှုပ်ရှားနေသည်။
ကျုံလောင်းရွာသားတစ်ဦးက “တိုက်ပွဲသံတွေ ငြိမ်သက်လို့ အိမ်ပြန်ဖို့ အခြေအနေသွားပြန်ချောင်းကြည့်တာ၊ စစ်တပ်စစ်ကြောင်းက ရွာအရှေ့ဘက်ခြမ်းကို ဒီမနက်မှာ ရောက်နေပြန်ပြီ၊ ဒါနဲ့ ဆိုင်ကယ်လှည့်ပြီး အမြန်ပြေးရတာပေါ့” ဟုဆိုသည်။
တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသဖြင့် ကျုံလောင်းအနီးတဝိုက်ရှိ ရာဘာခြံများအကြား ပုန်းခိုနေကြသော စစ်ရှောင်များမှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်းဘက်သို့ ဆက်လက်ထွက်ပြေးသွားကြောင်း ဒေသခံများမှ သိရသည်။
သို့ရာတွင် ယင်းကဲ့သို့စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမည့်ကိစ္စကို စကခ (၁၉) မှ မွန်ပြည်သစ်ပါတီ ရေးမြို့ဆက်ဆံရေးရုံးသို့ အသိပေးဆက်သွယ်အကြောင်းကြားထားကြောင်း လုံခြုံစိတ်ချရသော သတင်းအရင်းမြစ်တစ်ခုမှ သိရသည်။
ကျုံလောင်းရွာဟောင်း၊ ကျောင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်အနီးတဝိုက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူသွားလမ်းများကို နှစ်ဖက်တပ်ဖွဲ့များက အပြန်အလှန်ပိတ်ထားဆဲ ဖြစ်သည်။

See insights and ads
All reactions:
4646