• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး

    ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

    ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

    ကော့ကရိတ်မြို့မှ စစ်ရှောင်တစ်ဦး ၅ သောင်းကျပ် စစ်တပ်က ဒဏ်ကြေးတောင်းခံနေဟုဆို

    ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်မှုရှိ

    ကော့ကရိတ်မြို့တွင် ပြည်သူများပိတ်မိနေပြီး အစားအသောက်ရှားပါးလာ

    ကရင်တပ်ဖွဲ့ မြဝတီနယ်မြေရှိ မော်ဖားသူး စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး

    “တရုတ်၏ မြန်မာ့အရေးကြားဝင်မှုနှင့် လားရှိုးအုပ်ချုပ်ရေး မြန်မာစစ်ကောင်စီ ပြန်လည်အသက်ဝင်လာ”

    အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်ကြေညာချက်များ

    အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်ကြေညာချက်များ

    မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဘန်ကောက်တွေ့ဆုံမှု ရလဒ်အလွန်နည်းပါး

    မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဘန်ကောက်တွေ့ဆုံမှု ရလဒ်အလွန်နည်းပါး

    ငလျင်ဒဏ်ကြားက မြန်မာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

    ငလျင်ဒဏ်ကြားက မြန်မာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

    ငလျင်က ဖော်ပြနေတဲ့ စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုများ

    ငလျင်က ဖော်ပြနေတဲ့ စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုများ

    “နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဘာပြောသွားသလဲ”

    “နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဘာပြောသွားသလဲ”

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    “Chemsex တွေ ခေတ်စားလာပြီ”

    “Chemsex တွေ ခေတ်စားလာပြီ”

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်
    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    မိသားစုအတွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး

    မိသားစုအတွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး

  • လူ့အခွင့်အရေး
  • နိုင်ငံရေး
  • စီးပွားရေး
  • သတင်းတို
  • အွန်လိုင်းလိမ်လည်မှု
  • နိုင်ငံတကာ
  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

မွန်သီချင်း (ဝါ) ရှေးမွန်သံစဥ်မြန်မာသီချင်းကြီးများ

ဆောင်းပါး- (မြန်မာ့စွယ်စုံကျမ်းမှ ကောက်နုတ်ဖော်ပြသည်)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
November 2, 2024
in ဆောင်းပါး
0
0
SHARES
20
VIEWS
Share on FacebookShare on Twitter

ယနေ့တိုင် ကျန်ရှိနေသည့် ရှေးမြန်မာသီချင်း ဂီတဆိုင်ရာ မှတ်တမ်းမှတ်စုများ၌ မွန်သီချင်း များနှင့် စပ်လျဉ်း၍ အများအပြား မတွေ့ရှိရဘဲ မွန်-အလေးမေ့ခေါ် တောင်ယံတောက မောလေအောင် အစချီ တောင်ယံတောလေး၊ တောင်ယံတောကြီး မွန်သီချင်း နှစ်ပုဒ်၊ မွန်-ကြာစေ့ကောက် ခေါ် နှင်းယွန်းဂိမ္မာန် အစချီ သီချင်း၊ စိန်ခြယ်ညီလင်း အစချီ သီချင်း၊ မွန်-သံစုံခေါ် ကောင်းကြီးသခႅါ အစချီ သီချင်း၊ မွန်- ဆဲ့နှစ်ခန်းခေါ် ညှင်းညှင်း အစချီ သီချင်း၊ ဗိမ္မာသားလွှဲ ချင်းခေါ် စိန်မြရံခြယ် အစချီ သီချင်း နှင့် သောင်းကျေး ဒီပါတွေ အစချီ သီချင်းရှစ်ပုဒ်လောက်သာလျှင် တွေ့ရှိရ လေသည်။

မွန်သီချင်းအမည်များ၌ အလေးမေ့နှင့် ကြာစေ့ ကောက် ဟူသော အသုံးအနှုန်းများမှာလည်း မြန်မာ စကား အခေါ်အဝေါ်များ မဟုတ်ဘဲ၊ မွန်ဘာသာ အခေါ်အဝေါ် အသုံး အနှုန်းများဟူ၍ ယူဆရသည်။

မွန်သီချင်း ရှစ်ပုဒ်၏ စပ်ဆို သီကုံးထားသော အလိုက်တေး သွားများကို လေ့လာကြည့်မည်ဆိုလျှင် ကောင်းကြီးသခႅါ အစချီ သီချင်းနှင့် ညှင်းညှင်း အစချီ သီချင်းနှစ်ပုဒ်မှအပ ကျန်သီချင်း ခြောက်ပုဒ်၏ အလိုက်တေးသွားများ၊ သီကုံးစပ်ဆိုပုံများမှာ တစ်ပုဒ်နှင့်တစ်ပုဒ် အနည်းငယ်ဆင်တူယိုးမှား သီကုံးစပ်ဆိုထားသည်ကို တွေ့ရှိနိုင်ရုံမျှမက အလိုက်တေးသွားအားဖြင့် တူညီသော အချို့ သီချင်းပိုဒ်များ၌ စာသားများကိုပါ တစ်ပုဒ်နှင့် တစ်ပုဒ် ဆင်တူယိုးမှား စပ်ဆိုထားသည်ကို အောက်ပါအတိုင်း တွေ့မြင်ရပေသည်။

“ထူးထူးထွေထွေ၊ ထူးထူးငယ်များထွေထွေ၊ သောင်ငွေ ယမုန်ထဲ၊ သဲခုံတွေ-ငှက်ဖာ်စုံရွှေ”(နှင်းယွန်း ဂိမ္မာန်)

“ထူးထူးထွေထွေ၊ စုံခြေရဂုံတော၊ ငှက်မွန်လေဖော်ချင်းနှော”(ကောင်ကြီးသင်္ခါ)

“တိုင်းကျေးငယ် ဝေးမြေတာ၊ ပျော်တော်နိုင်ပါရေး၊ ဘွေသီဟာ ဘွေသီဟာ” (စိန်ခြယ်ညီးလင်း)

“တိုင်းကျေးမြေတာ၊ တိုင်းကျေးငယ် ဝေးမြေတာ၊ ဖန်ရာလွန်ကြည်ကွဲ၊ ကြုံတော်ပြန်လှာ” (စိန်မြရံခြယ်)

“သွန်းဖြိုး မန္ဒာ၊ သွန်းဖြိုးငယ် မိုးမန္ဒာ၊ တံမြွာ ရွှေစည်ကျူး၊ ထူးသံသာ၊ ထူးသံသာ (တောင်ယံတောကြီး)

“သွန်းဖြိုး မန္ဒာ၊ သွန်းဖြိုးငယ် မိုးမန္ဒာ၊ ဘီလာတိမ်ခြေဦး၊ စံရာဘွေ၊ မန်းညာရွှေ” (သောင်းကျေးဒီပါတွေ)

မွန်သီချင်း အချီပိုဒ်များ၌ အလိုက်တေးသွားအားဖြင့် အမျိုးမျိုး စပ်ဆိုကြသည်ကို တွေ့ရှိရသော်လည်း အချပိုဒ် များတွင် ညှင်းညှင်း အစချီ သီချင်းတစ်ပုဒ်မှအပ ကျန်သီချင်းများ၌ စိန်ခြယ်ညီလင်း အစချီ သီချင်းရှိ အောက်ဖော်ပြပါအလိုက်တေးသွား အချပိုဒ်မျိုးကဲ့သို့ စပ်ဆို သီကုံးကြသည်ကို တွေ့ရှိရသည်မှာ ထူးခြား ချက်တစ်ရပ်ပင် ဖြစ်သည်။

“သောရာမြင့် သုံးဆင့် သံချိုညွှန်း၊ ယုန်ငွေဝန်း၊ ဖန်ခါခါဆွေးကြောင်း၊ တိမ်ခြေ ငွေနှင်းပေါင်း၊ လေပြန်လာသွန်းလောင်း၊ နန်းသူ ပူဆွေးကြောင်း၊ ဘွေသဉ်ကြာမင်းပေါင်း ငယ်လေ ခွေညှိုးပျောင်း” မွန်သီချင်း ရှစ်ပုဒ်အနက် စိန်ခြယ်ညီလင်းအစချီ မွန်သီချင်း တစ်ပုဒ်သာလျှင် မြဝတီမင်းကြီး ရေးသား၍ ကျန်သီချင်းများကို ပြင်စည်မင်းသား ရေးသားခဲ့လေသည်။ ( စ၊ ဦး၊ မြဝတီဝန်ကြီး။) ( ပြင်စည်မင်းသား။)

ပြင်စည်မင်းသား ရေးသားခဲ့သော နှင်းယွန်းဂိမ္မာန် အစချီ သီချင်းနှင့် မြဝတီမင်းကြီး ရေးသားခဲ့သော ဥက္ကလာပပြန်ခေါ် စိန်ခြယ်ညီး လင်း အစချီ သီချင်းနှစ်ပုဒ်မှာ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်တွင် ရွှေဘိုမင်းသည် ရွှေတိဂုံစေတီတော်မြတ်အား ဖူးမျှော်ရန်အတွက် အမရပူရမှ ဥက္ကလာပခေါ် ရန်ကုန်မြို့သို့ စုန်ဆင်းလာစဉ် ရန်ကုန်မြို့၌ ရေးသားစပ်ဆိုခဲ့သော မွန်သံစဥ် မြန်မာသီချင်းကြီးများသည် ရွှေဘိုမင်းလက်ထက် အခါလောက်မှစ၍ ထွန်းကားပေါ်ပေါက်လာသည်ဟု ယူဆရသည်။

ထိုအချက်နှင့် စပ်လျဉ်း၍ သက္ကရာဇ် ၁၁၉၉ ခုနှစ် ရွှေဘိုမင်း နန်းမတက်မီ မွန်သီချင်းဟူ၍ တစ်သီး တစ်ခြား မပေါ်ပေါက်သေးကြောင်း အခိုင်အလုံ သိရှိရသည်။

သာဓက တစ်ရပ်မှာ ဘိုးတော်မင်းတရား လက်ထက် သက္ကရာဇ် ၁၁၆၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် အိမ်ရှေ့မင်း အမိန့်တော်အရ ရှေးအစဉ်အဆက် ပသခဲ့သည့် ၃၇ မင်းနတ် တို့ကို ပွဲကန္နားသဘင်ကျင်းပရာ၌ ပတ်၊ နှဲ၊ လင်းကွင်းများ မည်သို့ တီးမှုတ်လျက် မည်သို့ ကခုန်သည့် အချက်အလက် များကို ဆိုင်းတော်တီး ဦးမြတ်သာ၊ ဦးတရုတ်နှင့် တကွ ပန်တျာ ပညာသည်များကို စစ်ဆေးမေးမြန်း မှတ်သားစေပြီးလျှင် သက္ကရာဇ် ၁၁၈၂ ခုနှစ် သီတင်းကျွတ်လဆန်း ၄ ရက်နေ့တွင် နတ်ထိန်းကြီး ပဝိဒေဝကျော်၊ ရာဇဝင်ဆရာ ဦးနုနှင့်တကွ အခြား ရာဇဝင်ပညာရှိများနှင့်အတူ တိုက်ဆိုင်၍ ၃၇ မင်းနတ်စဉ်၊ အမျိုးအမည်၊ ဆင်ယင်ပသနည်း၊ တီးမှုတ်နည်း၊ နတ်သံများကို မြဝတီမင်းကြီး မှတ်သားစုဆောင်းထားသည့် မှတ်တမ်းရှိ မွန်အမျိုးအနွယ် နတ်များနှင့် စပ်လျဉ်း၍ သုံးပန်းလှ နတ်အကြောင်းတွင် – ကြေးနှဲပတ်ဝန်းများက တီးမှုတ်ရသည်။ အလျင်မွန်ဘာသာ နှစ်ကြိမ်တီးသည်။

နောက် မြန်မာဘာသာ သာကွင်းတီးသည်။ သုံးခါကပြီးမှ နတ်သံပစ်သည်ဟူ၍လည်းကောင်း၊ သံတော်ခံ နတ်အကြောင်းတွင် – နတ်သံချလျှင် ကြေး နှဲ ပတ်ဝန်းများက တီးမှုတ်ကြရသည်မှာ မွန်သီချင်းကို တလိုင်းတီး တီးသည်ဟူ၍ လည်းကောင်း၊ မယ်တော် ရွှေစကားနတ် အကြောင်းတွင် – နတ်သံချလျှင် ပတ်က တီးရသည်မှာ တျောဒုံနှင့် တျာဒူး တွင် မွန်တီးချက်နှင့် တီးသည်။

‘တီးခေါင် ပေါက်ကယ် နောက်ဆံစည်း’ ပီအောင် တီးသည်ဟူ၍လည်းကောင်း၊ ထီးဖြူဆောင်း မယ်တော်နတ်အကြောင်းတွင် – ကြေး နှဲ ပတ်ဝန်းများက တီးရသည်မှာ မွန်တီးချက်နှင့် တျောဒုံဖက်၍ မွန်တီးကွက်ကို အထက်မယ်တော် ရွှေစကားနတ် နည်း တီးရသည်ဟူ၍လည်းကောင်း၊ တွေ့ရှိရသဖြင့် ထိုအချိန်တိုင်အောင် မဟာဂီတ ပြဌာန်းချက်ပါ မွန်သီချင်းဟူ၍ တသီးတခြား ခေါ်ဝေါ်သော မြန်မာသီချင်းမျိုးများ မပေါ်ပေါက်သေးဘဲ မွန်ဘာသာ သီချင်းအလိုက် တေးသွားအတိုင်း တိုက်ရိုက် တီးမှုတ်သည့် မွန်တီးချက်များ သာလျှင် ထွန်းကား ပေါ်ပေါက် နေသည်မှာ သိသာထင်ရှားလေသည်။

သက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် ဇေယသင်္ခယာ ရေးသားခဲ့ သော ရွှေဘုံနိဒါန်း၌လည်း မြန်မာမင်းများ၏ ဝင်စည်တော် တီးမှုတ်ရာ၌ မွန်တီးချက်နှင့် မွန်ဘာသာ တေးသွားအတိုင်း တိုက်ရိုက်တီးမှုတ်ကြောင်းကို အောက်ပါအတိုင်း တွေ့ရှိရသည်။

စည်ငါးလုံး၊ နှဲလေးစင်း၊ ပုံတစ်၊ စည်းစုပ်တစ်၊ စည်ချင်းမှာ သမိန်ဗြမ်း တီးသည်။ သမိန်မှာ မြန်မာပြန်လျှင် မင်း ဆိုသည်၊ ဗြမ်းမှာ ဘုန်းတန်ခိုးကြီးသည် ဆို၏။ ဘုန်းတန်ခိုးကြီးသောမင်း ဆိုလိုသည်။ နှဲချင်းမှာ သီရိ ပဝရ အဂ္ဂဓမ္မရာဇာ မဟာစ္စက္ကဝေါ သမိန်ထောလွတ်တရ ဟူ၍ မှုတ်သည်။ ပါဠိ မှာ မြန်မာ မွန် ယွန်းအက္ခရာ အတူတူပင် ဖြစ်သည်။ သမိန်ထောမှာ မင်းတရား ဆိုသည်။
လွတ်တရမှာ ဝင်တော့ ဆိုသည်။ မင်းတရား ဝင်တော်မူတော့ ဆိုသည့် စကားပင် ဖြစ်သည်။

ထိုပြင် လွန်ခဲ့သည့်နှစ်ပေါင်း ၁၅ဝဝ ခန့်မှစ၍ မွန်တို့၏ ဒေသဖြစ်သော မြန်မာနိုင်ငံအောက်ပိုင်းရှိ ပဲခူးမြို့နှင့် သထုံမြို့ များနှင့် ပျူတို့၏ အရပ်ဒေသဖြစ်သော မြန်မာနိုင်ငံ အလယ် ပိုင်းရှိ သရေခေတ္တရာမြို့များမှ ယဉ်ကျေးမှုအားဖြင့် နှစ်ပေါင်း များစွာ အဆက်အသွယ်ရှိခဲ့ခြင်း၊ ကျန်စစ်သားမင်း၏ နန်းတည် ကျောက်စာ၌ ပုဂံနန်းတည် အခမ်းအနားတွင် မွန်အတီးအမှုတ်များနှင့် ပျူအတီးအမှုတ်များ ပါဝင်သည်ဟူ၍ တွေ့ရှိရခြင်း။

သက္ကရာဇ် ၁ဝ၃၅ ခုနှစ် မင်းရဲကျော်ထင် မင်းဥကင်တော်ဖွင့် မဂႅလာအခမ်းအနား ဆင်ယင်ကျင်းပရာတွင် ပါဝင်ကပြရန်နှင့် စပ်လျဉ်း၍ သက္ကရာဇ် ၁ဝ၃၄ ခုနှစ် တန်ခူးလဆန်း ၃ ရက်နေ့ နာခံပြော့မှူးကြီး၏ လွှတ်ပြန်အမိန့်တော်၌ မြန်မာ အတီး အက – နောက် ၄ဝ ရှေ့ ၈ဝ၊ မွန် အတီးအက၊ ယိုးဒယား အတီးအက နောက် ၁၅ ရှေ့ ၃ဝဟူ၍ တွေ့ရှိရခြင်း။

အင်းဝ ခေတ်မင်းများ လက်ထက်တွင် မင်းခမ်းမင်းနား သဘင်များ ဆင်ယင်ကျင်းပကြသည့်အခါ၌ ပါဝင်တီးမှုတ်ကြသည့် မြန်မာ တူရိယာများအထဲတွင် “မွန်နှဲ” ဟုခေါ်သော နှဲတစ်မျိုး အစဉ် ထည့်သွင်း တီးမှုတ်လေ့ရှိကြောင်း ပျို့ကဗျာများ၌ တွေ့ရှိရခြင်း။

သက္ကရာဇ် ၁၁၈၇ ခုနှစ် မုံရွေး ဆရာတော် ရေးသားခဲ့သည့် မဟာသီလဝပျို့၌ တုလောင်ငွေမောင်း၊ စည်ပန်းတောင်းက သံညောင်း ပန်းတိယား၊ အခြားခြားတည့်၊ သားများသားနည်း၊ ဂျွမ်းကျည်းယွန်းမွန်၊ အတန်တန်ကို၊ စိတ်ဉာာဏ်မှတ်ပိုက်၊ ဇာတ်စရိုက်ဖြင့်၊ သမိုက်သမျှ၊ တီးမျိုးစသား၊ ရာဇဘွယ်ရာ၊ စိတ်တောသာတိုင်း၊ အခါမလွဲ၊ ရွှေနန်းထဲတွင်၊ သဲသဲ ထိတ်ထိတ်၊ ကရဝိတ်တွန်သံ၊ ပုံနှင့်စံ၍၊ ညံညံမစဲ၊ ရွှေနန်းပွဲကို၊ ခံမြဲခံတော်မူပါလော့ ဟူ၍ တွေ့ရှိ ရခြင်း။
သက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် ကျောက်တော်ကြီး ဘုရားကို ဖူးမြှော်ရန်အတွက် ထွက်တော်မူလာပုံ ဆေးရေး ပုရပိုက်တစ်ဆူတွင် မြန်မာဆိုင်းဝိုင်း တူရိယာများထဲ၌ မွန် တူရိယာဖြစ်သော ကြေးကောက် တူရိယာကို တွေ့ရှိရခြင်း စသည့် အချက်အလက်များကြောင့် ထိုခေတ်အခါက မြန်မာ လူမျိုးများနှင့် မွန်လူမျိုးများတို့သည် ပန်တျာ အတီးအမှုတ် ပညာရပ်များကို တစ်ဦးထံမှ တစ်ဦး ဖလှယ်နည်း ယူ လက်ခံ တီးမှုတ် သီဆိုကြမည်မှာ ယုံမှားဖွယ် မရှိချေ။

ဧဧခြူရေးချိုက် အစချီ ယိုးဒယားဘာသာ သီချင်း တေးသွားအတိုင်း တိုက်ရိုက် စီကုံးရေးသား စပ်ဆိုခဲ့သည့် လွမ်းပိုအောင် အစချီ ယိုးဒယား သီချင်းမျိုးကဲ့သို့ ရှေးအခါက ခေတ်အစားဆုံး မွန်သီချင်းများ၏ အလိုက်တေးသွားများနှင့် အတော တီးချက်အတိုင်း နှောင်းခေတ်ဆရာတစ်ဦး မြန်မာဘာသာဖြင့် တိုက်ရိုက် စပ်ဆို သုံးခဲ့သည့် မွန်သံဟောင်း သီချင်းခေါ် တလိုင်းသံ နှိုင်းစံပယ်ခွာ အစချီ သီချင်းတစ်ပုဒ် တည်းလည်း မြန်မာ့ ပန်တျာလောကတွင် ယနေ့တိုင် ခေတ်စား လျက်ရှိပေသည်။

မွန်သီချင်းများသည် များသောအားဖြင့် အလွမ်းသံ အဆွေး သံများ ဖြစ်သဖြင့် ယနေ့ ဇာတ်သဘင်များ ကပြရာ လွမ်းခန်း ဆွေးခန်းများ၌ ဇာတ်လမ်း ဇာတ်ကွက်များနှင့် ဆီလျော်ရာ သီချင်းပိုဒ်များကို ကောက်နုတ် သီဆို တီးမှုတ်လေ့ရှိကြသည်။

IMG_9761
IMG_9762
IMG_9763
IMG_9764
PlayPause
previous arrow
next arrow

ကိုးကား

မွန်လူမျိုး၊ မွန်သီချင်း မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀)

ကောင်းဝါသတင်းဌာန

ဆောင်းပါး

Kaowao Newsgroup

Tags: kaowao Newsgroupကောင်းဝါသတင်းဌာနဆောင်းပါးမြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀)မွန်လူမျိုး၊မွန်သီချင်း
Previous Post

သံလွင်တံတား(မော်လမြိုင်) လုံခြုံရေးဂိတ်တွင် လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးမိ

Next Post

ဘုရားသုံးဆူမြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးမိ

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
ဘုရားသုံးဆူမြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးမိ

ဘုရားသုံးဆူမြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

April 30, 2025

အစိုးရအဆောက်အဦများ ငလျင်ဒဏ်ပြိုကျမှုအတွက် မူလတည်ဆောက်သူများအား တာဝန်ယူခိုင်းမည်ဟု စစ်ကောင်စီက ကြေညာ

April 30, 2025

ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

April 30, 2025

သောင်ရင်းမြစ်တွင် မြင်းဆေး ၅ သန်း KNU ဖမ်းဆီးသိမ်းဆည်း

April 30, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

June 25, 2023
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0

ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

April 30, 2025

အစိုးရအဆောက်အဦများ ငလျင်ဒဏ်ပြိုကျမှုအတွက် မူလတည်ဆောက်သူများအား တာဝန်ယူခိုင်းမည်ဟု စစ်ကောင်စီက ကြေညာ

April 30, 2025

ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

April 30, 2025

သောင်ရင်းမြစ်တွင် မြင်းဆေး ၅ သန်း KNU ဖမ်းဆီးသိမ်းဆည်း

April 30, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao