• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

    အခွန် ၄၀% မဟုတ်ဘဲ ၂၀% ပဲ ကောက်ဖို့ ထရန့်ဆီကို မင်းအောင်လှိုင် စာပြန်ပို့

    ‘Femme Fatale’ ဂေါ့ဖ်နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသည့် ဘုန်းတော်ကြီး ၆ ပါး ထပ်မံတွေ့ရှိ

    MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်မှထုတ်ပယ်၊ အာဏာသိမ်းခြင်းဖြစ်ဟုဆို

    မြို့ ၆၀ ကျော်မှာ တော်လှန်ရေးတပ် ၂၃ ဖွဲ့ကို AA ထောက်ပံ့နေဟု ISP Myanmar ဆို

    ထိုင်းက အကြီးဆုံး ကျားဖြန့်ဂိုဏ်းဝင် ၇၀ ကို ထောင်ဒဏ် ၂၄ နှစ်အထိ ချမှတ်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    “ကစားခြင်း” ဟာ ပညာရေးရဲ့ အဟန့်အတားတစ်ခုလား၊ ဒါမှမဟုတ် အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တစ်ခုလား။

    “၁၉၈၈ အာဏာသိမ်းမှုအလွန် အဝေးမြင်ကွင်း”ဘာတေးလစ်တနာ၏ တော်လှန်မှုများထဲက မြန်မာပြည်မှ ကောက်နုတ်ဖော်ပြသည်။

    သံသယမဲပေးစက်နဲ့ မေးခွန်းထုတ်စရာရွေးကောက်ပွဲ

    Smart Work နဲ့ Hard Work: ဘယ်လမ်းက သင့်အတွက် ပိုကောင်းမလဲ?

    “နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုသူများ” လား၊စစ်ကောင်စီရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ “ထောက်တိုင်များ”လား

    စစ်ကောင်စီဗိုလ်ချုပ်တစ်ဦး နော်ဝေးငြိမ်းချမ်းရေးဖိုရမ်တက်ရောက်၊ ဝေဖန်မှုတွေထွက်ပေါ်

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    “Chemsex တွေ ခေတ်စားလာပြီ”

    “Chemsex တွေ ခေတ်စားလာပြီ”

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်
    “အမြင်” နှင့် “အမှန်” ကို ခွဲခြားသိမြင်ခြင်း- သုံးသပ်ချက်ဆောင်းပါးများအား ချဉ်းကပ်ပုံ

    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

ဥက္ကလာပပြန်

ရေးသူ- စစ်ကိုင်းလှရွှေ (မဟာဂီတ)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
November 1, 2024
in ဆောင်းပါး
0
(၁၉၉၃ ခုနှစ် ပခုက္ကူဦးအုန်းဖေစာပေဆု-ကျမ်းစာမူဆုရ) Photo-ပြည်ကြီးမွန်ဖောင်တော်

SHARES
7
VIEWS
Share on FacebookShare on Twitter

၁၂၀၃ ခုနှစ်၊ တော်သလင်းလအတွင်း ရွှေဘိုမင်းသည် နှစ်စင်းသော ပြည်ကြီးမွန် ဖောင်တော်ဖြင့် ဥက္ကလာပရှို ဒဂုန်ဆံတော်ရှင်စေတီတော်မြတ်အား ရွှေသင်္ကန်းကပ်လှူရန် ရောက်ရှိလာတော်မူခဲ့ရာ ဥက္ကလာပမြို့တစ်ဝိုက်မှ ဂီတအနုပညာရှင်များသည် မင်းတရားထံပါး၌ ညစဉ်လိုလို တူရိယာ ဂီတတေးသံသာများဖြင့် ဖျော်ဖြေကြသည်။

ယင်းအနုပညာသည်များအနက် မွန်တူရိယာပညာသည်များ၏ တေးသံသာများကို ပြင်စည်မင်းသား သဘောတွေ့အားရကာ မွန်သံစုံဟု ခေါ်အပ်သော ကောင်းကြီးသင်္ခါသီချင်းကို ရေးစပ်သီကုံးတော့သည်။

ရွှေဘိုမင်း ခေါ် သာယာဝတီမင်းသည် မိမိစိုးစံရာ အမရပူရ ရွှေနန်းတော်မှ တော်သလင်းလ ရေလွှာ သင်ဖြူးခင်းချိန်မှ စတင်စုန်ဆင်းလာခဲ့ရာ သီတင်းကျွတ်လတွင် ဒဂုန်ဆံတော်ရှင် ခြေတော်ရင်းသို့ရောက်ခဲ့ပြီး လွန်စွာစိတ်ကြည်လင် ကြည်နူးတော်မူသဖြင့် နေပြည်တော်သို့ ပြန်ရန် မေ့လျော့ နေသယောင်ပင် ရှိတော့၏။

ဤတွင် ရွှေဘိုမင်းနှင့်အတူလိုက်ပါ လာကြကုန်သော မြဝတီဝန်ကြီး၊ ပြင်စည်မင်းသား စာဆိုတော် ဦးမင်း၊ စာဆိုတော်ဦးဘုန်း၊ နန်းမတော်မမြလေး စသော စာဆိုရှင်များ တိုင်ပင်လျက် မိမိထီးနန်းနေပြည် တော်သို့ ပြန်လည်ကြွချီရန် သတိရစိမ့်သောငှာ တေးကဗျာ လင်္ကာများစပ်ဆို၍ မင်းတရားရွှေတော်၌သီဆိုရန် စာဆိုတော် ဦးမင်း၊ ဦးဘုန်းတို့အား ရေးဖွဲ့ရွှတ်သီစေလေသည်။ ဤမျှသာမကပေ ပြည်စည်မင်းသားသည် “တောင်ယံတော” မွန်သံနှောသီချင်းကို ရေးဆက်သည်။

ထိုအချိန်အတွင်း ရွှေသင်္ကန်းကပ်လှူရေးကိစ္စ၌ ဆောင်ရွှက်ပါဝင်သူတို့ နေထိုင်ရေးအတွက် ယာယီဆောက်လုပ်ထားသည့် ရင်ပြင်ပေါ်ရှိ တဲတန်းကို မီးခရာမှ ကုန်းတော်တစ်ဝိုက်လန့်ဖျပ်သွား ကြပြီး ကစဉ့်ကလျားပြေးလွှားကြစဉ် “တောင်ယံတော” တေးစာသား မှာ ပျောက်ဆုံးသွားတော့သည်။

ပြင်စည်မင်းသားမှာ မိမိမှတ်သားမိသရွှေ့ စာသားများဖြင့် ပြန်လည်ရေးစပ်သည့်အခါတွင် ခါးလယ်မှစပြီး မေ့ပျောက်နေတော့ရာ နောက်ပိုင်းတေးသွားနှင့်စာသားမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။ မီးလန့်သည့်ကိစ္စအေးချမ်းသွားပြီးမှ ပထမရေးစပ်သော တောင်ယံတောစာသားကို ပြန်လည် ရှာဖွေတွေ့ရှိသည်။ သို့သော် နှစ်ပုဒ်လုံးပင် မပစ်ရက်လောက်အောင် ကောင်းမွန်နေသဖြင့် မူလပထမရေးသော တောင်ယံတောကို “တောင်ယံတောကလေး” ဟု ခေါ်တွင်ပြီး စာသား ပိုမိုရှည်လျားသော ဒုတိယမြောက်ရေးစပ်သော တောင်ယံတောကို “တောင်ယံတောကြီး” ဟု ခွဲခြားသိမှတ်စေခဲ့သည်မှာ ယနေ့ယခုတိုင် မဟာဂီတကျမ်း အသီးသီးတို့၌ ဤအတိုင်းပင် ဖော်ပြပါရှိနေသည်။

ရွှေဘိုမင်းသည် မင်းမိဖုရား၊ ဝန်ကြီး၊ မှူးကြီး၊မတ်ကြီး တို့ပါ မကျန် ဝိုင်းဝန်းကုသိုလ်ပါဝင်ကြသော ရွှေပိဿာချိန် ၃၂ဝဝ ကို ရွှေပြားခတ်လုပ်စေပြီး ဒဂုန်ဆံတော်ရှင် စေတီတော်မြတ်ထီးတော်အခြေမှ အောက်ဆုံးသို့တိုင် ရွှေလုံးပြည့် ဆက်ကပ်လှူဒါန်းပြီး မြဝတီမင်းကြီး၊ ပြင်စည်မင်းသားတို့နှင့်တကွ လိုက်ပါလာကြကုန်သော ရွှေနန်းတော်သား အမှုထမ်းများပါမကျန် မိမိရပ်ဌာနေသို့ ပြန်လိုသောဆန္ဒအတိုင်း တပို့တွဲလဆန်းတွင် ဥက္ကလာမှ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပြန်လည်ဆန်တက် လာကြတော့သည်။

မွန်သံတေးပေါင်း ခုနစ်ပုဒ်ရေးစပ်ခဲ့ရာ ယင်းခုနစ်ပုဒ်လုံးပင် ယနေ့တိုင် ဂီတပညာသည်တိုင်း လက်သုံးတေးအဖြစ် ထင်ရှားလျက်ရှိနေခြင်းအားဖြင့် ပြင်စည်မင်းသား၏ ဂီတပညာရည်ကို ချီးအံ့ဖွယ် ကောင်းလှပေသည်။

တောင်ယံတောကလေး၊ တောင်ယံတောကြီးများမှ မိမိနေပြည်ကိုလှမ်းဆွတ်ဖွယ် စပ်ဆိုထားသော “စံရဝေ မန်းဘွေရွှေတိုင်ခန်း နန်းအောင်မြေ မျှော်လေ ခါခါ ပန်းသွယ်သွယ် ငယ်လေ မျှော်တိုင်းပန်းငုံ ချွေ မှုံရွှေ ထုံလေပြေ တိုင်းဟံသာကျေး ဝေးမြေ သီခေါင် ကျွမ်းဖို လွမ်းဆည်ဖြေ ” စသော စကားလုံး အသုံးအနှုန်းများနှင့် လွမ်းဆွတ်အောက်မေ့ တမ်းတစဖွယ် တေးသွား များကြောင့် ရွှေဘိုမင်းမှာ မနေသာတော့ဘဲ မိမိနေပြည်တော်ကို သတိရအောက်မေ့လာပြီး ရွှေဖောင်တော်နှင့် အသော့ဆန်တက် ခဲ့ရသည်အထိ ပေါက်ရောက်သော ပြင်စည်မင်းသား၏ တေးများပင်ဖြစ်တော့သည်။

မွန်တေးကဏ္ဍ၌ မြဝတီဦးစသည် “စိန်ချယ်ညီးလင်း” အစချီ တေးတစ်ပုဒ်တည်းသာရေးစပ်ခဲ့ရာ စာဆိုရှိသမျှ အဓိက ပုဂ္ဂိုလ်ကြီးဖြစ်သည့်အလျောက် ယင်းတစ်ပုဒ်တည်းသော “စိန်ချယ်ညီးလင်း” မှာ ပညာရှင်အပေါင်းတို့ အကြိုက်ဆုံး ထိပ်ခေါင်တေးအဖြစ် သုံးစွဲသီဆို တီးမှုတ်လာခဲ့ကြတော့၏။

တေးခေါင်းစဉ်ကိုလည်း ထူးထူးခြားခြား“ ဥက္ကလာပပြန်” ဟု တပ်ဆိုထားသဖြင့် ရွှေဘိုမင်း ဥက္ကလာပမှ နေရပ်ဌာနေ ဆီသို့ပြန်လည် ကြွချီနိုင်လောက်အောင် ရေးဖွဲ့သည့်တေးများ အနက် “စိန်ချယ်ညီးလင်း” သည်လည်း တစ်ပုဒ် အပါအဝင် ဖြစ်ကြောင်း ပေါ်လွင်နေဘိတော့သည်။

ပြင်စည်မင်းသား၏ ငုငစ် ခေါ် ကျောက်ကောက် ယိုးဒယားမှာလည်း ထူးခြားသော တေးသွားတစ်ပုဒ်ပင် တည်း။ နရီ စည်းဝါးအနေအထားနှင့် အသံအကူးအပြောင်း အနွဲ့အယဉ်မှာ သူမတူအောင် ဆန်းသစ်နေ၏။ တေးသွားမှာ သွက်လက်မြူးကြွနေ၏။

မြဝတီမင်းကြီး ဦးစသည် ၁၁၂၈ ခုနှစ်တွင် ဖွားမြင်ပြီး ပြင်စည်မင်းသားမှာ ၁၁၇၅ ခုနှစ် မွေးဖွားသူ ဖြစ်သဖြင့် မြဝတီသည် ပြင်စည်မင်းသားထက် အသက် ၄၇ နှစ် ကြီး သူဖြစ်သည်။ ကွယ်လွန်နှစ်အရ ဆိုသော် ပြင်စည်မင်းသားသည် မြဝတီအနိစ္စရောက်ပြီး ကိုးနှစ်ရှိမှ ကွယ်လွန်အနိစ္စရောက်ရလေသည်။

ရေလားချင်း၊ မှိုင်းပြာမှုန်ဝေပတ်ပျိုးနှင့် ကျောက်ကောက်ယိုးဒယား၊ မှိုင်းမှုန် ပြာညိုနှစ်ပုဒ်လုံးပင် ရသမြောက်လှပေသည်။

မဟာဂီတလောက၏ ဦးဆောင်စာဆို ကျေးဇူးတော်ရှင် ဝန်ကြီးပဒေသရာဇာ၊ ဇာ၊ မြဝတီ၊ မြဝတီဝန်ကြီး၊ ဒီဝန်ကြီး၊ ပြင်စည်မင်းသားတို့၏ နောက်တွင် ဇာတ်ဆရာ မောင်ကျောက်ခဲ၏ တေးများ၊ နန်းမတော်မမြလေးနှင့် လှိုင်ထိပ်ခေါင်တင်တို့၏ တေးများ သည်လည်း တစ်မူဆန်းသစ်လှပေ၏။

ကိန္နရာချောင်းခြားစာရင်းဝင် မြူဝန်းလို့ခိုပတ်ပျိုး၊ပြာညိုရောင် မှိုင်းလို့ရီမှောင်ပတ်ပျိုး၊ ရေပင်လယ်ပတ်ပျိုး၊ ရွှေယင် ပေါင်ပတ်ပျိုး၊ လွှမ်းရန်ပိုငို ချင်သားပတ်ပျိုး၊ ဒီပါမြေ ပတ်ပျိုး၊ ဗိန်းဘုံဘဲ့ပတ်ပျိုး၊ စက်လဲဘုံဘွေပတ်ပျိုး တေးများသည် ဇာတ်ဆရာ မောင်ကျောက်ခဲ၏ လက်ရာများ ဖြစ်ပြီး ပတ်ပျိုးချင်းများထဲ တေးသွားနှင့် စာသားမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေ၏။

အထူးသဖြင့် မောင် ကျောက်ခဲ၏တေးများတွင် ရေလားချင်း အတန်များများ ပါဝင်နေသည်ကို တွေ့ရှိရပေသည်။ ယင်းရေလားများသည် တစ်မူတစ်ဘာသာ ထူးခြားသည်ဖြစ်၍ အခြားပတ်ပျိုးချင်း များနှင့် နှိုင်းစာပါလျှင် နားဝင်ဆန်းနေသည်။ အရေအတွက် အားဖြင့် ပုဒ်ရေမများလှသော မောင်ကျောက်ခဲ၏ ယင်း တေးများသည် အရည်အသွေးပြည့်ဝသော တေးများချည်း သာဖြစ်လေသည်။

နန်းမတော်မမြလေး (၁၁၇၁-၁၂၀၇)သည် အမျိုးသမီး စာဆိုများတွင် ထူးခြားပြောင်မြောက်သကဲ့သို့ပင် သူ၏သမီး တော် လှိုင်ထိပ်ခေါင်တင် (၁၁၉၅-၁၂၃၇)သည်လည်း မယ်တော်၏လက်ရာထက် မညံ့သူတစ်ဦး ဖြစ်သည်။

အထူးသဖြင့် လှိုင်၏ဘောလယ်တစ်ခေတ်သည်ကား ရှာမှရှားကျော်ကြား ထင်ရှားသော ခေတ်တစ်ခေတ် ဖြစ်ခဲ့ရချေ၏။ မမြလေး၏ ချစ်သမျှကိုပတ်ပျိုး၊ ပြာပြာညိုရောင် မှိုင်းတနွဲ့နဲ့ပတ်ပျိုးများ အထင်ကရ ကျော်ကြားရသလိုပင် လှိုင်ထိပ်ခေါင်တင်၏ ညဉ့်သုံးယံပတ်ပျိုးနှင့် ရေယမုန်ပတ်ပျိုးတို့သည်လည်း အမျိုး သမီးဂီဘစာဆိုများ၏ စံထားရလောက်သော ပတ်ပျိုးသီချင်းများ ဖြစ်လေသည်။

မဟာဂီတကျမ်းဟူသရွေ့ ဤစာဆိုတော်ကြီးများ၏ တေးလက်ရာများနှင့် ကင်းသည်ဟူ၍ မရှိနိုင်ချေ၏။ မြန်မာ့ မဟာဂီတကျမ်းကြီးတစ်စောင် မဖြစ်လာရသည့် တိုင်အောင် ပြောင်မြောတ်သော တီးကွက်တီးချက်စံထားရလောက်သော တေးစာသားအဖွဲ့အနွဲ့အသုံးအနှုန်းနက်နဲလှသောအကြောင်း အရာ အချက် အလက် ဆိုဟန်၊ တီးဟန်များ တည်ဆောက် ဖန်တီးပေးခဲ့သည်မှာ ကြီးမားသော ကျေးဇူးအနန္တပါ တကား။

Photo-ပြည်ကြီးမွန်ဖောင်တော်

ကောင်းဝါသတင်းဌာန

ဆောင်းပါး

စစ်ကိုင်းလှရွှေ-မဟာဂီတ

(၁၉၉၃ ခုနှစ် ပခုက္ကူဦးအုန်းဖေစာပေဆု-ကျမ်းစာမူဆုရ)

Tags: ကောင်းဝါသတင်းဌာနစစ်ကိုင်းလှရွှေ-မဟာဂီတဆောင်းပါး
Previous Post

သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်းအား အများသဘောဆန္ဒအရ ဖျက်သိမ်း

Next Post

မြန်မာသတင်းစာအစ မော်လမြိုင်က

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
မြန်မာသတင်းစာအစ မော်လမြိုင်က

မြန်မာသတင်းစာအစ မော်လမြိုင်က

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
အခွန် ၄၀% မဟုတ်ဘဲ ၂၀% ပဲ ကောက်ဖို့ ထရန့်ဆီကို မင်းအောင်လှိုင် စာပြန်ပို့

အခွန် ၄၀% မဟုတ်ဘဲ ၂၀% ပဲ ကောက်ဖို့ ထရန့်ဆီကို မင်းအောင်လှိုင် စာပြန်ပို့

July 11, 2025
‘Femme Fatale’ ဂေါ့ဖ်နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသည့် ဘုန်းတော်ကြီး ၆ ပါး ထပ်မံတွေ့ရှိ

‘Femme Fatale’ ဂေါ့ဖ်နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသည့် ဘုန်းတော်ကြီး ၆ ပါး ထပ်မံတွေ့ရှိ

July 11, 2025
MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်မှထုတ်ပယ်၊ အာဏာသိမ်းခြင်းဖြစ်ဟုဆို

MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်မှထုတ်ပယ်၊ အာဏာသိမ်းခြင်းဖြစ်ဟုဆို

July 11, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

June 25, 2023
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
အခွန် ၄၀% မဟုတ်ဘဲ ၂၀% ပဲ ကောက်ဖို့ ထရန့်ဆီကို မင်းအောင်လှိုင် စာပြန်ပို့

အခွန် ၄၀% မဟုတ်ဘဲ ၂၀% ပဲ ကောက်ဖို့ ထရန့်ဆီကို မင်းအောင်လှိုင် စာပြန်ပို့

July 11, 2025
‘Femme Fatale’ ဂေါ့ဖ်နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသည့် ဘုန်းတော်ကြီး ၆ ပါး ထပ်မံတွေ့ရှိ

‘Femme Fatale’ ဂေါ့ဖ်နှင့် ပတ်သက်ဆက်နွယ်သည်ဟု သံသယရှိသည့် ဘုန်းတော်ကြီး ၆ ပါး ထပ်မံတွေ့ရှိ

July 11, 2025
MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်မှထုတ်ပယ်၊ အာဏာသိမ်းခြင်းဖြစ်ဟုဆို

MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်မှထုတ်ပယ်၊ အာဏာသိမ်းခြင်းဖြစ်ဟုဆို

July 11, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao