နစကမှ စက်တင်ဘာလ (၂၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာထားသော နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်မှုကို ကြာအင်းပေါ်တော်မူငြိမ်းချမ်းနယ်မြေ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒသာရ ၏ ဩဝါဒလမ်းညွန်မှုဖြင့် ဖွဲ့စည်းထားသော DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘိုဘိ ဦးဆောင်သည့် ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ (DKBA) မှ ကြိုဆိုပါကြောင်း စက်တင်ဘာလ (၂၇ ) ရက်နေ့က ကြေညာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။
ကျွန်ုပ်တို့နေထိုင်ရာ ကရင်ပြည်နယ်အတွင်း (၂၀၁၂) ခုနှစ်စတင်သည့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ ရလဒ်အဖြစ် ဆယ်စုနှစ်တစ်ခုအတွင်း ငြိမ်းချမ်းရေးနှင့်အတူယှဉ်တွဲ၍ တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ယခုနေက်ပိုင်း ပြန်လည်ဖြစ်ပွားလာခဲ့သည့် စစ်ပွဲအကျိုးဆက်များကြောင့် ထိုတိုးတက်လာခဲ့သည့် အခြေအနေများ ပျက်စီးခဲ့ရသည်ကို လက်တွေ့သိမြင်ခဲ့ရသည့် ပြည်သူများအနေဖြင့် ဤစစ်ပွဲများကို အမြန်ဆုံးရပ်တန့် အဆုံးသတ်ရန် အလိုရှိနေကြပါကြောင်း ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ (DKBA) ကြေညာချက်တွင် ဖေါ်ပြထားသည်။
နစကအနေဖြင့် ဤလက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းစေရန် ရည်ရွယ်၍ ထုတ်ပြန်သော ကမ်းလှမ်းချက်အပေါ် မိမိတို့ကရင်ပြည်နယ်တွင် အခြေစိုက်သော ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးအထူးဒေသ (DKBA) အနေဖြင့် ကြိုဆိုပါကြောင်းလည်း ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ (DKBA) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
လက်ရှိနိုင်ငံရေးအခက်အခဲများကို လက်နက်ကိုင်နည်းဖြင့် ဖြေရှင်း၍ မရနိုင်ကြောင်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာရန်အတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအား သိက္ခာရှိရှိပါဝင်လာနိုင်ရန်အတွက် နိုင်ငံတော်ဖက်မှ ရိုးသားစွာကလမ်းလှမ်းသည်ဟု ယူဆပါကြောင်းလည်း ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ (DKBA) က ဆိုထားသည်။
ပြည်တွင်းပဋိပက္ခများတွင် ပါဝင်လျှက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းအသီးသိးမှ တိုက်ပွဲဖေါ်ဆောင်နေမှုများအား ရပ်တန့်ပြီး၊ နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတစ်ဝှမ်းငြိမ်းချမ်းမှုရရှိစေပြီး၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံရွေးကောက်ပွဲမှသည် ပြည်သူလူထုမှတင်မြှောက်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေမည်ဖြစ်ပါကြောင်း၊ ပြည်သူများမှရွေးချယ် တင်မြှောက်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးသည် ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ် လိုအပ်သည့် ဤဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် အပြုသဘောဖြင့် ကြိုဆိုပါကြောင်း (၂၇.၉.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ သဘာထားထုတ်ပြန် အပ်ပါသည် ဟု ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။
အလားတူ စစ်ကောင်စီနှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အန်းမိုင်(NSCN-AM)တို့ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်
ပြင်ဆင်နေကြောင်း သိရသည်။
Caption- ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေအထူးဒေသ (DKBA) ထုတ်ပြန်ချက် (Copy)