ရေးမြို့နယ်အတွင်း ချိပ်ပိတ်ခံထားရသည့် ရာဘာခြံများမှ အပင်များကို အာဏာပိုင်နှင့် နီးစပ်သူများက ခုတ်လှဲရောင်းချနေကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်သည်ဟုဆိုကာ ရေးမြို့ပေါ်အတွင်း နေအိမ်၊ ဈေးဆိုင်အချို့နှင့် ခြံများ စုစုပေါင်း ၂၀ ကျော်ခန့် ချိတ်ပိတ်ခံထားရပြီး ဥပဒေနှင့်မညီဘဲ အထိန်းအကွပ်မဲ့ဆောင်ရွက်နေကြောင်း ရေးမြို့မှ ဥပဒေပညာရှင်တစ်ဦးက ပြောသည်။
၄င်းက “နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတည်ငြိမ်အောင်လုပ်ဆောင်မှု ၅၀၅ နဲ့စွဲတဲ့ပုဒ်မ၊ အကြမ်းဖက်အဖွဲ့များနဲ့ ဆက်သွယ်မှု ၁၇ (၁)တို့နဲ့ တရားစွဲခံရသူတွေကို သာမန်အားဖြင့် သူတို့ရဲ့ပိုင်ဆိုင်မှုကို ချိတ်ပိတ်လို့တော့မရဘူး၊ ခုကတော့ သူတို့ကို ယုံကြည်ချက်အရ ဆန့်ကျင်တယ်လို့ ယူဆလိုက်တာနဲ့ပဲ မာရှယ်လောအထုတ်ခံရတဲ့ ဒေသဆိုပိုဆိုးပေါ့ ပုဒ်မတွေဆွဲကပ်ပြီး သင့်မသင့်မစဉ်းစားတော့ဘဲ လုပ်ချလိုက်တာပါပဲ၊ လုပ်ပြီးရင်လည်း ခုနကပြောသလို သူတို့ကိုသတင်းပေးတဲ့၊ ကာကွယ်ပေးတဲ့လူတွေ လုပ်ချင်ရာလုပ်ပါစေပေါ့ မျက်စိတ်မှိတ်ထားပေးတာပေါ့ ” ဟု ပြောကြားသည်။၊
အချို့ချိတ်ပိတ်ခံထားရသောခြံများတွင် အပင်များခုတ်လှဲခြင်းတို့အပြင် လူအချို့ အုပ်စုလိုက် ဝင်ရောက်နေထိုင်ခြင်း၊ အချို့မြို့ထဲရှိ နေအိမ်အချို့တွင် ညအချိန် ဝင်ရောက်နေထိုင်နေကြောင်းလည်း သိရသည်။
” နေ့စဉ်လိုလိုပဲ တစ်ခါခါတော့ပျောက်သွားတယ်၊ အုပ်စုလိုက်ပဲ ကားနဲ့ကို လာခုတ်နေကြတာ၊ ချိပ်ပိတ်အိမ်က လက်ရှိစစ်အစိုးရအနေနဲ့ကတော့ နိုင်ငံတော်ပိုင်သိမ်းတဲ့အခါကျတော့ ပိုင်ရှင်အသစ်မရှိလာဘဲနဲ့တော့ ဥပဒေအရတော့ သူတို့နဲ့နီးစပ်သူလည်း လာခုတ်လို့မရဘူး၊ ဘယ်သူမှလည်း ဒီခြံတွေကို ဝယ်ကြမှာလည်းမဟုတ်ပါဘူး၊ ဒါပေမယ့် ဒါကအမြင်မတော်ဘူးဖြစ်နေတယ်၊ အထက်အဆင့်ထိ တင်ပြပေမယ့် ထူးခြားမလာဘူး ” ဟု ရေးမြို့နေရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
အဆိုပါခြံများနှင့် နီးစပ်သည့်အရပ်ဘက်တာဝန်ရှိသူများက သက်ဆိုင်ရာအဆင့်ဆင့်မှတဆင့်ထံသို့ တင်ပြခဲ့သော်လည်း အကြောင်းတစ်စုံတရာပြန်ကြားခြင်းမရှိဘဲ အပင်များခုတ်လှဲလျက်ပင်ရှိနေသည်ဟု ရပ်ကွက်နှင့် ကျေးရွာများရှိ ရပ်မိရပ်ဖများထံက သိရသည်။
ချိပ်ပိတ်သိမ်းဆည်းခံရာဘာခြံများမှ အပင်များခိုးယူခုတ်လှဲရောင်းချနေ
ရေး ၊ ၂၀၂၄ စက်တင်ဘာ (၂၉)