• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

    ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး

    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

မွန်နိုင်ငံရေးပါတီများမှ လက်နက်ကိုင်တော်လှန်ရေးသို့ အသွင်ကူးပြောင်းသွားခဲ့ခြင်း (၁)

ဗညားအောင် (မွန်နိုင်ငံရေးနောက်ခံသမိုင်း ဆောင်းပါး)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
August 17, 2024
in ဆောင်းပါး, နိုင်ငံရေး, နောက်ခံသမိုင်း, သတင်း
0
မွန်နိုင်ငံရေးပါတီများမှ လက်နက်ကိုင်တော်လှန်ရေးသို့ အသွင်ကူးပြောင်းသွားခဲ့ခြင်း (၁)
0
SHARES
31
VIEWS
Share on FacebookShare on Twitter

၁။ မွန်တိုင်းရင်းသားအစည်းအရုံး

၁၉၄၆ နှစ် ဒီဇင်ဘာလတွင် မွန်တိုင်းရင်းသားအစည်းအရုံး၏ ပထမအကြိမ် မွန်အမျိုးသားညီလာခံကို ပငကျေးရွာ ဘလောက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့၏။ ညီလာခံဖြစ်မြောက်ရေးအတွက် ဘလောက်ဆရာတော် ဘဒ္ဒန္တသီလတေဇက အစစ အရာရာ အကုန်အကျခံကာ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ဗြိတိသျှအစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိနေသဖြင့် လူမှုအသင်းအဖွဲ့များမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည့် ကာလလည်း ဖြစ်သည်။ ယင်းညီလာခံသို့ အနယ်နယ်အရပ်ရပ်မှ မွန်သံဃာတော်များ၊ မွန်နိုင်ငံရေး လှုပ်ရှားသူများ၊ ကျေးရွာ အသီးသီးမှ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် မွန်မျိုးချစ်ပုဂ္ဂိုလ်များ ထောင်နှင့်ချီ၍ စုရုံးတက်ရောက်ခဲ့ကြသည်။ ညီလာခံ သုံးရက်တိတိ ကျင်းပလေ၏။

မွန်တို့ဘဝ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဘာသာစကား စာပေယဉ် ကျေးမှု အနုသုခုမ ပညာရပ်များကို ထိန်းသိမ်းနေယုံမျှဖြင့် လုံလောက်မှုမရှိ၊ နိုင်ငံရေးအရ တိုက်ပွဲဝင်ရန် လိုအပ်လာသည်ကို သဘောပေါက် လက်ခံလာကြ သည့်အတွက် မွန်တိုင်းရင်းသားအစည်းအရုံး (ဗော်သွးမန်ကောန်ဍုင်အရင်) ဖွဲ့စည်းခြင်းအား ညီလာခံတွင် အတည်ပြုလိုက်ပြီး အောက်ပါအချက် (၂) ချက် ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ချမှတ်လိုက်သည်။

ပထမအကြိမ် မွန်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက် (၂) ရပ်မှာ –
(၁) သမလ၊ ဝိမလ ညီနောင်နှစ်ပါးတို့ ဟံသာဝတီ ပဲခူးမြို့ကို စတင်တည် ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ ကို မွန်အမျိုးသား နေ့ သတ်မှတ်၍ နှစ်စဥ်ကျင်းပသွားရန်။

    (၂) လာမည့် (၁၉၄၇ ) ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်းနှင့် မဲဆန္ဒနယ်သတ်မှတ်ပေးရန်။ အကယ်၍ ဆောင် ရွက်ပေးခြင်းမရှိပါက ရွေးကောက်ပွဲကို သပိတ်မှောက်သွားရန်။

  အထက်ပါ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရန် ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ၁။ ဥက္ကဋ္ဌ မွန်ဖိုးချို ၂။ ဒု-ဥက္ကဋ္ဌနိုင်အောင်ထွန်း ၃။အထွေထွေ အတွင်းရေးမှူး မွန်သန်း ၄။ တွဲဖက် အထွေထွေအတွင်းရေးမှူး နိုင်ချမ်းမွန် ၅။ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေး နိုင်မွန်ထော (ဆရာဟို) ၆။စည်းရုံးရေးမှူးများ မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေ စသည့် ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်လိုက်ကြသည်။ 

ထိုနောက် ၁၉၄၇ ခုနှစ် ဧပြီလက ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်သဖြင့် ကွဲသွားသော မွန်တိုင်းရင်းသားအစည်းအရုံးကို အသစ်တဖန် အားသစ်လောင်း၍ ပြန်လည် စုစည်းကြ၏။

အောက်တိုဘာလတွင် မုဒုံမြို့နယ်၊ ကမာဝက် ကျေးရွာ၌ မွန်တိုင်းရင်းသားအစည်းအရုံးက ညီလာခံတရပ်ကို ခေါ်ယူကျင်းပခဲ့ပြန်သည်။

ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်ထံတွင် မွန်တို့တောင်းဆိုချက် (၇) ချက်အပေါ် လိုက် လျောခဲ့ခြင်း မရှိသည်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ညီလာခံမှ မွန်ပြည် နယ်ဖေါ်ထုတ်ပေးရန် အဆိုတင် သွင်း၍ ဆုံးဖြတ် အတည်ပြုကြသည်။

ကမာဝက်ညီလာခံ၌ မွန်တိုင်းရင်းသာ်အစည်းအရုံး အမှုဆောင်အသစ် ရွေး ချယ် တင်မြှောက်ခဲ့ရာ ဥက္ကဌ မွန်ဖိုးချို၊ ဒု- ဥက္ကဋ္ဌ နိုင်အောင်ထွန်း၊ အထွေထွေ အတွင်းရေးမှူး နိုင်ချမ်းမွန်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် မွန်ဆရာဟို၊ ဆရာ နိုင်ဖိုးစိန်၊ နိုင်ထွန်းခင်၊ နိုင်ကျော်လှ၊ နိုင်မောင်ကြီး၊ ဦးစံညွန့်နှင့် ဆရာစံရွန်းတို့ ပါဝင်ကြသည်။

မော်လမြိုင်မြို့ရှိ ရွာလွတ်ဘုန်းတော်ကြီးကျောင်း၌ မွန်တိုင်းရင်းသား အစည်းအရုံးဝင် လူငယ်များကို ကာယဗလလှုပ်ရှားမှု သင်တန်းပေးသည်။ သင် တန်းပြီးသောအခါ မွန်လူငယ်များက တူညီဝတ်စုံဖြင့် မော်လမြိုင်မြို့ပေါ် တွင် စီတန်းလှည့်လည်၍ အင်အားပြပွဲများ ဆောင်ရွက်လာကြသည်။

မွန်တိုင်းရင်းသားအစည်းအရုံး၏ အာဘော်ဖြစ်သော ရာမညသတင်းစာကို မွန်၊ မြန်မာ (၂) ဘာသာ ဖြင့် တစ်လသုံးကြိမ်ထုတ်ဝေ၍ အထွေထွေ အတွင်း ရေးမှူး နိုင်ချမ်းမွန်နှင့် ဆရာဟိုတို့က အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။

IMG_7217
IMG_7218
IMG_7219
IMG_7216
IMG_7208
IMG_7209
IMG_7210
IMG_7211
IMG_7212
IMG_7213
IMG_7214
IMG_7215
PlayPause
previous arrow
next arrow

၂။ မွန်လူမျိုးရေးရာအဖွဲ့ချုပ် -(မလရ)

မူလက မွန်လွတ်လပ်ရေးအဖွဲ့ Mon Unity League (မလရ) ကို ဥက္ကဌ နိုင်ဘလွင် (နိုင်ရွှေကျင်) အတွင်းရေးမှူး မွန်စံသူ၊ အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်လှမောင်၊ နိုင်သိမ်းမောင်၊ မိဟံသာ၊ နိုင်စိန်ထွန်းတို့က ဦးဆောင်ပြီး မော်လမြိုင်မြို့တွင် ၁၉၄၇ ခု သြဂုတ်လလယ်၌ ဖွဲ့စည်းထားခဲ့ပြီး ဖြစ်သည်။

ထိုနောက် မွန်တိုင်းရင်းသား အစည်းအရုံး အမှုဆောင်အချို့နှင့် မွန်လွတ်လပ်ရေးအဖွဲ့ အမှုဆောင် အချို့တို့ တွေ့ဆုံဆွေးနွေးတိုင်ပင်ကြပြီး မွန်ပါတီနှစ်ခု ပေါင်းစည်း၍ မွန်လူမျိုးရေးရာအဖွဲ့ချုပ် (ဂကောံက္ဍိုပ်သ္ကိုပ်မန်)-အမည်ဖြင့် တစ်ခု တည်းသော ပါတီဖြစ်လာစေရန် ကြိုးပမ်းလာကြသည်။
ဖြစ်ပေါ်လာမည့် မွန်လူမျိုးရေးရာအဖွဲ့ချုပ် ပါတီအသစ်မှာ ဥက္ကဌ နိုင်လှမောင်၊ ဒုဥက္ကဌ နိုင်အောင် ထွန်း၊ အတွင်းရေးမှူး နိုင်ဘလွင်၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းမွန်နှင့် နှစ်ဖက်ပါတီအမှုဆောင်များကို ထည့်သွင်း လျာထားကြသည်။

သို့ရာတွင် တစ်ခုတည်းသော မွန်အမျိုးသား ကိုယ်စားပြုပါတီတရပ်ကို ထူထောင်ရန် ကြိုးပမ်းရာမှာ နှစ်ပါတီ ပေါင်းစည်းရေး အစီအစဉ် အထမမြောက်သောကြောင့် မအောင်မြင်ခဲ့ပေ။

ဒီဇင်ဘာလသို့ ရောက်လာသောအခါ ဥက္ကဌ-နိုင်လှမောင်၊ အတွင်းရေးမှူး-နိုင်ဘလွင်၊ တွဲဖက်အတွင်းရေးမှူး မွန်စံသူ စသည့်အမှုဆောင်ကော်မတီ (၁၅) ဦးဖြင့် ဖွဲ့စည်းထားသော မွန်လွတ်လပ်ရေးအဖွဲ့ကို မွန်လူမျိုးရေးရာအဖွဲ့ချုပ် -(မလရ) အမည်ဖြင့် မော်လမြိုင် ကျိုက်သုတ်ဓမ္မာရုံ၌ ပါတီအမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ အဓိက ရည်ရွယ်ချက်ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းခဲ့သည်။ မွန်လူမျိုးတို့သည် –

◼︎(၁) သမိုင်းစဉ်အရ တည်တံ့ခိုင်မြဲသောလူမျိုး။
◼︎(၂) သီးခြားဘာသာ၊ စာပေ၊ စကား၊ ယဉ်ကျေးမှုရှိခြင်း။
◼︎(၃) စုစည်းနေထိုင်ရာဒေသရှိခြင်း။
◼︎(၄) စီးပွားရေးအရလည်း မြန်မာပြည်၏ အဓိကသွေးကြောဖြစ်သော လယ်ယာစီးပွားရေးကို ရှေးယခင်ကာလမှ ယခုထက်တိုင် လုပ်ကိုင်လျှက်ရှိခြင်း ကြောင့် စီးပွားရေးအရ ခိုင်မာသောလူမျိုးတမျိုးဖြစ်သည်။

ထို့ကြောင့် လူမျိုးတစ်မျိုးဖြစ်သည့် မွန်အမျိုးသားတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်း ခွင့် (National Self-Determination) ကို ရထိုက်သည်။ ၄င်းရထိုက်သော ကိုယ်ပိုင် ပြဌာန်းခွင့်ကို ဒီမိုကရေစီနည်းအရ အဖြစ်နိုင်ဆုံး တောင်းဆိုတိုက်ပွဲဝင် သွားရန် ဖြစ်သည်။

  မွန်လွတ်လပ်ရေးအဖွဲ့မှ ထုတ်ဝေလျက်ရှိသော တနင်္သာရီ တိုင်းမ် သတင်းစာကို နိုင်ဘလွင်က အယ်ဒီတာအဖြစ် ဆက်လက်တာဝန်ယူ၍ မွန်လူမျိုးရေးရာ အဖွဲ့ချုပ်၏ ကြွေးကြော်သံအဖြစ် ဆက်လက် ထုတ်ဝေသည်။ 

ဖဆပလ အစိုးရထံ မွန်တို့တောင်းဆိုချက် (၇) ချက်နှင့် ဖဆပလ၏ တုန့်ပြန်ချက်အပေါ် မွန်လူမျိုးရေးရာအဖွဲ့ချုပ် ခေါင်းဆောင်တို့က မွန်ကျေးရွာ များသို့ သွားရောက်ပြီး လူထုရှင်းလင်းပွဲများ ပြုလုပ်သည်။

တဖန် ၁၉၄၇ ခုနှစ်ကုန်ခါနီးတွင် မုဒုံမြို့နယ် ဖားအောက်ကျေးရွာ၌ မွန်လူမျိုးရေး ရာ အဖွဲ့ချုပ်မှ ကြီးမှူး၍ မွန်အမျိုးသားညီလာခံကို (၃) ရက်တိုင်တိုင် စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ရာ ရန်ကုန်၊ ပဲခူး၊ မြိတ်၊ ထားဝယ်မှ မွန် အမျိုးသားများ ထောင်နှင့် ချီ၍ တက်ရောက်ကြသည်။

“မွန်အမျိုးသားများဖြစ်သော မိမိတို့သည် လူမျိုးတမျိုးအဖြစ် တည်ရှိ နေသည့်အလျှောက် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းရန် အချက် (၇) ချက်ပါသော တောင်းဆိုချက်ကို ဖဆပလအစိုးရထံ သွားရောက် တင်ပြ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို ဖဆပလအစိုးရက ပယ်ချခဲ့သဖြင့် ထိုညီလာခံကြီးက ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခဲ့သည်။

မွန်တို့၏ တောင်းဆိုချက် ပယ်ချခြင်းခံရသည့်အတွက် မွန်အမျိုးသားတို့၏ ရှေ့ဆက် လုပ်ဆောင်ရန်မှာ မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သော (National Self-Determination) မွန်ပြည်ကိုတည်ဆောက်ရန် ဒီမိုကရေစီ နည်းအရ တောင်းဆို တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ကြသည်။

အကယ်၍ ဒီမို ကရေစီနည်းအရ တောင်းဆိုခွင့်ကို အာဏာရ အဖွဲ့အစည်းမှ ပိတ်ပင်လျှင် ရသည့်နည်းဖြင့် နည်းလမ်း ရှာကြံလုပ်ဆောင် သွားရန်” အဆိုကို ညီလာခံတွင် တင်သွင်းခဲ့ရာ တက်ရောက်လာသူများက တခဲနက် ထောက်ခံ အတည်ပြု ကြသည်။

ညီလာခံမှ အလုပ်အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ကြရာတွင် ဥက္ကဌ နိုင်လှမောင်၊ ဒု-ဥက္ကဌ မွန်သခင်ကြီး၊ နိုင်မြအောင်၊ အထွေထွေ အတွင်း ရေးမှူး နိုင်ငွေသိမ်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး နိုင်သိမ်းမောင်၊ ပြန်ကြားရေး နိုင်ဘလွင်၊ ဘဏ္ဍာရေးမှူး နိုင်သာနှင်း၊ စာရင်းစစ် နိုင်သာဟန်၊ စည်းရုံးရေး နိုင်စိန်ထွန်း (ဖဲကတာ)၊ အမျိုးသမီးဌာနမှူး မိဟံသာ၊ အလုပ်သမား ဌာနမှူး နိုင်စိန်ထွန်း၊ နိုင်ထွန်းမောင်၊ လယ်သမားဌာနမှူး မွန်စံသူ၊ လူငယ် ဌာနမှူး နိုင်ဘညွန့်၊ နိုင်ထွန်းဝင်း၊ နိုင်ဘိုးကောင်း၊ ဆရာကျောင်နှင့် မွန်ဆရာတင် တို့ ပါဝင်ကြ၏။

-ဆက်ရန်

ကိုးကားချက်များ

  • ၁။ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း(နိုင်ထွန်းသိန်း)
    ၂။ ဇာတိမြေမှ ယနေ့တိုင်-တော်လှန်ရေးနှင့် နိုင်ငံရေးခရီး (နိုင်ငွေသိမ်း)
    ၃။ မွန်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ (နိုင်ပန်းသာ)

နိုင်ငံရေး

မွန်တိုင်းရင်းသားအစည်းအရုံး

မွန်လွတ်လပ်ရေးအဖွဲ့(မလရ)

မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ)

မွန်ဖိုးချို

နိုင်အောင်ထွန်း

နိုင်လှမောင်

နိုင်ချမ်းမွန်

နိုင်ဘလွင်

နိုင်ငွေသိမ်း

နိုင်ထွန်းသိန်း

နိုင်ဖိုးစိန်

နိုင်သိမ်းမောင်

တိုင်းပြုပြည်ပြုလွှတ်တော်

Tags: Kaowaokaowao Newsgroupတိုင်းပြုပြည်ပြုလွှတ်တော်နိုင်ချမ်းမွန်နိုင်ငံရေးနိုင်ငွေသိမ်းနိုင်ထွန်းသိန်းနိုင်ဖိုးစိန်နိုင်ဘလွင်နိုင်လှမောင်နိုင်သိမ်းမောင်နိုင်အောင်ထွန်းမွန်တိုင်းရင်းသားအစည်းအရုံးမွန်နိုင်ငံရေးပါတီများမှ လက်နက်ကိုင်တော်လှန်ရေးသို့ အသွင်ကူးပြောင်းသွားခဲ့ခြင်း (၁)မွန်ဖိုးချိုမွန်လွတ်လပ်ရေးအဖွဲ့(မလရ)မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ)
Previous Post

ဘုရားသုံးဆူနယ်စပ်ဝင်/ထွက်ပေါက်များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် အလုပ်သမားများနှင့်စျေးသည်များ တောင်းဆိုဆန္ဒထုတ်ဖေါ်

Next Post

နှစ်ရက်ကြာပိတ်ထားသော ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဝင်ထွက်ပေါက်များအား ယနေ့နံနက်တွင် ပြန်လည်ဖွင့်လှစ်

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post

နှစ်ရက်ကြာပိတ်ထားသော ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဝင်ထွက်ပေါက်များအား ယနေ့နံနက်တွင် ပြန်လည်ဖွင့်လှစ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

March 9, 2026
ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

March 9, 2026
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

March 9, 2026
ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

March 9, 2026
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တရားမဝင်အလုပ်သမား
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝပတ်ဝန်းကျင်
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao