• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးအဆိုပြုချက်သစ်

    ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးအဆိုပြုချက်သစ်

    လာဘ်စားမှုနဲ့ တရုတ်မူးယစ်တိုက်ဖျက်ရေး ရဲချုပ်ဟောင်းကို ဆိုင်းငံ့သေဒဏ်ချမှတ်

    လာဘ်စားမှုနဲ့ တရုတ်မူးယစ်တိုက်ဖျက်ရေး ရဲချုပ်ဟောင်းကို ဆိုင်းငံ့သေဒဏ်ချမှတ်

    ထိုင်းပင်လယ်ကွေ့အတွင်း စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ တန်ကျော်ဖမ်းဆီးရမိ

    ထိုင်းပင်လယ်ကွေ့အတွင်း စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ တန်ကျော်ဖမ်းဆီးရမိ

    ကမ္ဘောဒီးယားနှင့် တင်းမာမှုကြောင့် ထိုင်းဘက်က စကဲလ်ခရိုင် နယ်စပ်ဂိတ်အားလုံးကို ပိတ်

    ကမ္ဘောဒီးယားနှင့် တင်းမာမှုကြောင့် ထိုင်းဘက်က စကဲလ်ခရိုင် နယ်စပ်ဂိတ်အားလုံးကို ပိတ်

    အစ္စရေးနဲ့ အီရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာ

    အစ္စရေးနဲ့ အီရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာ

    ကာတာရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

    ကာတာရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    “ပန်းရောင်ကတ်” ရှိရုံနဲ့ မလုံလောက်ဘူးလား? – ထိုင်းက ရှီရှားဘားမှာ အဖမ်းခံရတဲ့ မြန်မာညီအစ်မနှစ်ဦးရဲ့ သင်ခန်းစာ

    “ပန်းရောင်ကတ်” ရှိရုံနဲ့ မလုံလောက်ဘူးလား? – ထိုင်းက ရှီရှားဘားမှာ အဖမ်းခံရတဲ့ မြန်မာညီအစ်မနှစ်ဦးရဲ့ သင်ခန်းစာ

    မော့ကနင်က YPDF တပ်ဖွဲ့ဝင်ဟောင်း ဖမ်းဆီးခံရမှုတော်လှန်ရေးနဲ့ ပတ်သက်ဖူးသူတိုင်းအတွက် သတိပေးခေါင်းလောင်းသံ

    မော့ကနင်က YPDF တပ်ဖွဲ့ဝင်ဟောင်း ဖမ်းဆီးခံရမှုတော်လှန်ရေးနဲ့ ပတ်သက်ဖူးသူတိုင်းအတွက် သတိပေးခေါင်းလောင်းသံ

    ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရဲ့ နယ်စပ်ခရီးစဉ် – တပ်နဲ့အစိုးရကြား ဆက်ဆံရေးအပေါ် သွယ်ဝိုက်မေးခွန်းထုတ်မှုများ

    ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရဲ့ နယ်စပ်ခရီးစဉ် – တပ်နဲ့အစိုးရကြား ဆက်ဆံရေးအပေါ် သွယ်ဝိုက်မေးခွန်းထုတ်မှုများ

    ဟွန်ဆန်ရဲ့ ဖွင့်ချမှုတွေနဲ့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် နိုင်ငံရေးမှာ အကျပ်ရိုက်

    ဟွန်ဆန်ရဲ့ ဖွင့်ချမှုတွေနဲ့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် နိုင်ငံရေးမှာ အကျပ်ရိုက်

    “အရှေ့အလယ်ပိုင်းက ပေါက်ကွဲလွယ်တဲ့ ယမ်းအိုးကြီး”

    “အရှေ့အလယ်ပိုင်းက ပေါက်ကွဲလွယ်တဲ့ ယမ်းအိုးကြီး”

    🔧🚗 မြန်မာနိုင်ငံ၏ မော်တော်ကားစျေးကွက် – စိန်ခေါ်မှုများအိမ်နီးချင်းနိုင်ငံနှင့် နှိုင်းယှဉ်ချက်

    🔧🚗 မြန်မာနိုင်ငံ၏ မော်တော်ကားစျေးကွက် – စိန်ခေါ်မှုများအိမ်နီးချင်းနိုင်ငံနှင့် နှိုင်းယှဉ်ချက်

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    “Chemsex တွေ ခေတ်စားလာပြီ”

    “Chemsex တွေ ခေတ်စားလာပြီ”

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်
    “အမြင်” နှင့် “အမှန်” ကို ခွဲခြားသိမြင်ခြင်း- သုံးသပ်ချက်ဆောင်းပါးများအား ချဉ်းကပ်ပုံ

    “အမြင်” နှင့် “အမှန်” ကို ခွဲခြားသိမြင်ခြင်း- သုံးသပ်ချက်ဆောင်းပါးများအား ချဉ်းကပ်ပုံ

    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

  • လူ့အခွင့်အရေး
  • နိုင်ငံရေး
  • စီးပွားရေး
  • သတင်းတို
  • အွန်လိုင်းလိမ်လည်မှု
  • နိုင်ငံတကာ
  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

🎙️မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏ တိုက်ပွဲအသွင်ပြောင်းလဲခြင်း မိန့်ခွန်း

ဗညားအောင် ။ ။(ဆောင်းပါး)၂၀၂၄ ဇူလိုင် (၂၃)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
July 24, 2024
in ဆောင်းပါး, နိုင်ငံရေး, နောက်ခံသမိုင်း
0
🎙️မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏ တိုက်ပွဲအသွင်ပြောင်းလဲခြင်း မိန့်ခွန်း
0
SHARES
33
VIEWS
Share on FacebookShare on Twitter

မွန်ပြည်သူ့တပ်ဦးသည် အစိုးရနှင့် သဘောတူညီမှုရယူခဲ့သော ဇူလိုင် (၁၉) ရက်နေ့ကပင် မော်လမြိုင်မြို့ရှိ အမှတ်(၅) တိုင်း စစ်ဌာနချုပ် (ယခု အရှေ့တောင်တိုင်း စစ်ဌာနချုပ်) ၌ တပ်ဖွဲ့ဝင်အင်အား (၁၁၁၁) ဦးတို့က လက်နက်ချခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ ဥပဒေအတွင်း တိုက်ပွဲအသွင်သို့ ပြောင်းလဲခြင်း အခမ်းအနား ကျင်းပကာ ပြည်သူလူထုကို ရှင်းလင်း ချပြခဲ့ပြန်သည်။

မွန်ပြည်သူ့တပ်ဦး၏ လက်နက်ကိုင် တိုက်ပွဲအသွင်မှ ဥပဒေအတွင်း တိုက်ပွဲအသွင်သို့ ပြောင်းလဲခြင်း အခမ်းအနားကို ၁၉၅၈ ခုနှစ် ဇူလိုင်လ ( ၂၃ ) ရက်နေ့တွင် မော်လမြိုင်မြို့ မိုင်ဒါ ကွင်း၌ ကျင်းပသည်။ ထိုနေ့ နံနက်လင်းသည်မှစ၍ မိုင်ဒါကွင်းတွင် မွန်ပြည်သူ့တပ်ဦး ဆိုင်းဘုတ်များ၊ မွန်ပြည်သူ့တပ်ဦး အလံများကို ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့် ပူးတွဲကာ လွှင့်ထူထားသည်။

မွန်သံဃာတော်များ အပါအဝင် ထောင်ပေါင်းများစွာသော ဒေသခံပြည်သူများက အခမ်းအနားသို့ လာရောက် အားပေးကြသည်။ အခမ်းအနားစင်မြင့် အနီးတွင် မွန်ပြည်သူ့တပ်ဦးမှ လက်နက်မျိုးစုံ (၄၀၀) ခန့်ကို စနစ်တကျ ထောင်၍ ခင်းကျင်းပြသထားသည်။ မွန်ပြည်သူ့တပ်ဦး ဗဟိုလုံခြုံရေးတပ်ခွဲမှ စင်မြင့်ရှေ့ မြက်ခင်းပြင်၌ အသင့်နေရာယူထားကြသည်။ နံနက် (၈) နာရီအချိန်တွင် အခမ်းအနား စတင်သည်။

အစိုးရကိုယ်စား တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် သန်းဖေ ( ရေ ) က အခန်းအနား ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် မွန်ပြည်သူ့တပ်ဦး ကိုယ်စား ဗဟိုစစ်ဦးစီးရုံးအုပ် (တပ်မှူး) ဗိုလ်စံရွှေက ကာဘိုင်တစ်လက် ကို ဗိုလ်မှူးချုပ် သန်းဖေ လက်သို့ ပေးအပ်လိုက်သည်။

ထိုနောက် မွန်ပြည်သူ့တပ်ဦး၏ အလံကိုတင်၍ ဥက္ကဌကြီး နိုင်အောင်ထွန်း က အောက်ပါအတိုင်း မိန့်ခွန်း မြွက်ကြားလိုက်သည်။

“ပြည်သူလူထုကြီး ခင်ဗျား…. ယခုလို လက်နက်စွန့်လွှတ်တဲ့ အခမ်းအနား မှာ စကားပြောခွင့်ရတဲ့အတွက် ကျနော်များစွာ ကျေးဇူးတင်ပါတယ်၊ ဒီနေရာမှာ ကျနော်တို့ မွန်ပြည်သူ့တပ်ဦးအနေနဲ့ (၁) ကျနော်တို့ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို လိုက်ခဲ့ရတယ် (၂) ဒီကနေ့ ကျနော်တို့ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို စွန်လွှတ်ရတယ်နှင့် (၃) ကျနော်တို့ မွန်ပြည်သူ့တပ်ဦးရဲ့ ယုံကြည်ချက်ကို ရှေ့အဘို့ ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတဲ့ အချက် (၃) ချက်တို့ကို ကြွရောက် လာကြတဲ့ ရဟန်း သံဃာ တော် အရှင်သူမြတ်များ၊ မွန်အမျိုးသားများနှင့် ပြည်သူလူထုကြီး တရပ်လုံးကို ဒီနေရာ မှာ တင်ပြလိုပါတယ်။

ကျနော်တို့ မွန်အမျိုးသားတွေ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်ကို ဘာကြောင့် လိုက်ခဲ့ရ တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် အနည်း ငယ်ရှင်းပြပါရစေ၊ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အတွေ့အကြုံကို ကောင်းကောင်းကြီး ခံစားခဲ့ကြရတဲ့ ကျနော်တို့ မွန်အမျိုးသားများဟာ အခြားတိုင်းရင်းသား လူမျိုးများနည်းတူ စစ်ကို လိုလားကြသူများ မဟုတ်ပါ၊ ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင် လိုကြသူများသာလျှင် ဖြစ်ပါတယ်၊ ဒါပေမယ့် ဘာကြောင့် ဒီလက်နက် ကိုင် တော်လှန်ရေးလမ်းစဥ်ကို မလိုလား မနှစ်မြို့ဘဲနှင့် ဇွဲနဘဲ ကြီးစွာဖြင့် ၁၀ နှစ် ၁၀ မိုးကျော်ခန့် လိုက် ခဲ့ရပါသလဲဆိုတာကို ဖော်ပြရလျှင် ဒီပြည်ထောင်စုကြီးကို အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်များလက်ထဲမှ လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ တစ်ချိန်က ပြည်သူ့တပ်ဦးဖြစ်တဲ့ ဖဆပလအလံတော် အောက်မှာ ကျနော်တို့ မွန်အမျိုးသားထုလည်း ပါဝင်ခဲ့ပါတယ်။

ဒီ ပြည်ထောင်စုကြီး လွတ်မြောက်ရေးအတွက် အခြား တိုင်းရင်းသား လူ မျိုးများ နည်းတူ ကျနော်တို့ မွန်အမျိုးသား ထောင်ပေါင်းမျာစွာဟာလည်း အသက်သွေးခဲနှင့် စတေးခံကာ ပြည်ထောင်စုကြီး လွတ်မြောက်ရေး တိုက် ပွဲတွင် မိမိတို့ရဲ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ကြကြောင်းကို ကွယ်လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် မိန့် ကြားခဲ့ဘူး ပါတယ်၊ ကျနော်တို့ မွန်အမျိုးသားတွေ ဘာကြောင့် ဒီပြည် ထောင်စုလွတ် မြောက်ရေး တိုက်ပွဲမှာ အသက်သွေးခဲတွေနဲ့ ပူဇော်ခဲ့ရပါ သလဲဆိုရင် (၁) နယ် ချဲ့ ဟူသရွေ့ကို မလိုလားတဲ့အတွက် နယ်ချဲ့မှန်သမျှ ကို ဆန့်ကျင်တိုက်ခိုက်လို ခြင်းနဲ့ အဖိနှိပ် အချုပ်အချယ် သွေးစုတ်ခံရတဲ့ ဘဝတွေမှ မိမိတို့အမျိုးသား များလဲ လွတ်မြောက်လိုတဲ့ အတွက်ကြောင့် တကြောင်း၊ (၂) ကွယ်လွန်သူ ပြည်သူ့ ခေါင်း ဆောင်ကြီး ဗိုလ်ချုပ် အောင် ဆန်းနှင့် သူရဲ့ ဖဆပလအဖွဲ့ကြီး၏ ရှေ့ဆောင်မှုကို အသက်ပေးပြီး ယုံကြည်ကိုးစားမိတဲ့ အတွက်ကြောင့် တကြောင်း၊ အဲဒီအကြောင်း (၂) ချက်ကြောင့် ကျနော်တို့ မွန်အမျိုးသား ထောင် ပေါင်းမျာစွာဟာလဲ အခြားတိုင်း ရင်းသား လူမျိုးများနည်းတူ နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်များ လက်မှ ပြည်ထောင်စုကြီး လွတ်မြောက်ရေးအတွက် အသက် ပေးပြီး တိုက်ပွဲဝင်ခဲ့ ကြရ ခြင်း ဖြစ်ပါတယ်။

တဆက်တည်းမှာ ကျနော်တို့ မွန်အမျိုးသားများရဲ့ ယုံကြည်ချက်နှင့် လိုလားချက်ကို ပိုပြီးအားဖြည့်ပေးတဲ့ ဖဆပလ ဥက္ကဌကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကြီးမှူးပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၁၂) နေ့ ပင်လုံတွင် ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုး ပေါင်းစုံ ညီလာခံကြီးမှ ချမှတ်ခဲ့တဲ့ ဆုံး ဖြတ်ချက် ကြီးများပင် ဖြစ်ပါတယ်၊ အဲဒီဆုံး ဖြတ်ချက်တွေ အနက် တိုင်းရင်း သားလူမျိုး တိုင်းဟာ “မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ သာလျှင် ဖန်တီးခွင့် ရရှိမယ်” ဆိုတဲ့ အပုဒ်ဟာဖြင့် ကျနော်တို့ မွန်အမျိုးသားထု ဆန္ဒ နှင့် ကိုက်ညီတဲ့ အတွက် အနှစ်သာရ ဖြစ်ပါ တယ်၊ ဒါပေမယ့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့မှာ နယ်ချဲ့ဗြိတိသျှအစိုးရထံမှ အုပ်ချုပ်ရေးအာဏာကို လက်ခံယူခဲ့ တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးဟာ ဗိုလ်ချုပ် ကိုယ်တိုင် ကြီးမှူးကျင်းပခဲ့တဲ့ ပင် လုံဆုံးဖြတ်ချက်ကို လုံးဝ လစ်လျူရှုခဲ့တဲ့အတွက် ကျနော်တို့ မွန်အမျိုး သားများဟာ မိမိတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေဘောင် အတွင်းမှနေပြီး ဒီမိုကရေစီ နည်းအရ နိုင်ငံရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး အရေးဆို တိုက်ပွဲ ဝင်ခဲ့ကြ ပါတယ်။

အဲဒီလို တိုက်ပွဲဝင်ခဲ့အတွက် ကျနော်တို့ မွန်အမျိုးသားများကို ထိုအချိန်က အုပ်ချုပ်သူ လူတန်းစားသည် ကြီးနိုင် ငယ်ညှင်းဆိုသလို မဟာလူမျိုးကြီး ဝါဒအရ နိုင်ထက်ကလူ ဖိနှိပ်သတ်ဖြတ်ခဲ့ပြီး တောမခို ခိုရလေအောင် အတင်း မောင်းထုတ်ခြင်းခံခဲ့ရတယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ ဘဝ ရပ်တည် ရေးကို ရှာရာ၌ လက်နက်ဖြင့် ဖိနှိပ် သတ်ဖြတ်လာတဲ့ ရန်သူကို လက်နက်နှင့်သာ ပြန်၍ ခုခံတိုက်ခိုက်တော်လှန်ရမည့် လမ်းစဥ်မှတပါး အခြား ဘယ်လမ်းမှ မရှိတော့လို့ ယုံကြည်တဲ့အတွက် ဒီ မလိုလားအပ်တဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်ကို ကျနော်တို့ဟာ ဆယ်နှစ်ဆယ် မိုးကျော်ခန့် လိုက်ခဲ့ရခြင်း ဖြစ်ပါတယ်၊ ဒါဟာ ဘယ်သူမှားတယ် ဘယ်သူ မှန်တယ် ပြောလိုတဲ့အတွက် ဒီအချက်တွေကို ကျနော်တင်ပြနေခြင်း မဟုတ်ပါဘူး။

ကျနော်တို့ မွန်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ဘာကြောင့် လက်နက်ကိုင် တော် လှန်ရေး လမ်းစဥ်ကို လိုက်ခဲ့ရတယ် ဆိုတဲ့ အဖြစ်မှန်ကို တင်ပြရပါတယ်၊ ကျနော်တို့က သူပုန်ထတမ်း ကစား ချင်လို့ လက်နက် ကိုင်လမ်းစဥ်ကို လိုက်ခဲ့ကြခြင်း မဟုတ်ပါ၊ လူတစ် ယောက် နှစ်ယောက်၏ ဆန္ဒနှင့် လုပ်ခြင်းအားဖြင့် လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲဟာ ဖြစ်မလာနိုင်ပါ၊ လူထုတရပ်လုံး မခံမရပ်နိုင်၍ အုံကြွ တောင်းဆို လာခဲ့တဲ့ အတွက် လက်နက်ကိုင်တော်လှန်ရေးဟာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

ကျနော်တို့ ဒီကနေ့ ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို စွန်လွှတ်ရသလဲဆိုယင် (၁) ဆယ် နှစ်ဆယ်မိုးကျော်ခန့် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၏ ဘေးဒဏ်ကြောင့် မွန်အမျိုးသားအပါအဝင် ပြည်သူလူထု ကြီး တရပ်လုံးမှာ သားသေ လင်ကွဲ ပစ္စည်းဥစ္စာ အိမ်ယာအဆောက်အဦ ကုဋေကုဋာ ပျက်စီးဆုံးပါးပြီး ဒုက္ခပင်လယ်ဝေနေတာကို ခံစားနေကြရတဲ့ အတွက် စစ် မလိုလားတဲ့ ပြည်သူတစ်ရပ်လုံးဟာ ပြည်တွင်း ငြိမ်း ချမ်းရေး တိုက်ပွဲကို မနားမနေ တိုက်ပွဲ ဆင်နွှဲခဲ့ခြင်းသည် မွန်ပြည်သူ့တပ်ဦး၏ ပြည်တွင်း ငြိမ်းချမ်းရေးလမ်းစဥ်နှင့် ကိုက်ညီသည့်အတွက် ပြည်သူ့ ဆန္ဒအရ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်လိုခြင်းကြောင့် တကြောင်း

(၂) ယနေ့ ကမ္ဘာ့ အခြေအနေနှင့် ပြည်ထောင်စု၏ လက်ရှိ အခြေအနေများကို သုံးသပ်ပါက ပြည်ပ နယ်ချဲ့အန္တရာယ်ဟာ ဒီပြည်ထောင်စုအတွက် အလွန်ပင် စိုးရိမ်ဘွယ်ရာ ကောင်းကြောင်းကို ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း မိန့်ကြား ခဲ့ပြီးဖြစ်ပါတယ်၊ ဒီ စိုးရိမ်ဘွယ်ကောင်းတဲ့ ပြည်ပနယ်ချဲ့ အန္တရာယ်ကို ကာကွယ်ဘို့ ရန်မှာ ပြည်ထောင်အတွင်းရှိ လူမျိုးတိုင်း၏ မဟာ တာဝန်ကြီး တရပ်ဟု ယူဆပါတယ်။ အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီးကို ကာကွယ်ဘို့အတွက် ယနေ့အချိန်တွင် အလွန်အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရေးကို မရမနေ ကြိုးပမ်း ဆောင်ရွက်ပြီး တရားမျှတခြင်း ဖြင့် ကျေနပ်မှုပေါ်တွင် အခြေခံတဲ့ တိုင်းရင်းသား ပေါင်းစုံ သွေးစည်းညီ ညွတ်မှုဖြင့် ခုခံကာကွယ်ကြပါမှ ရနိုင် ပါမယ်လို့ ကျနော်တို့ ယုံကြည်တာ လည်း တကြောင်း

(၃) ဖဆပလ ပြိုကွဲပြီးတဲ့နောက် သန့်ရှင်းဖဆပလနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားလည်းဖြစ်တဲ့ သန့်ရှင်းဖဆပလဥက္ကဌကြီး (ဝါ) နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ဇွန်လ (၂၄) ရက်နေ့တွင် မိန့်ကြားသော မိန့်ခွန်းအရ သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားဝင် တည်ရှိခွင့်တို့ကို ဥပဒေပြု ပြဌာန်းပေးမည်ဟု ဆိုထားခြင်း၊ ဒီမိုကရေစီ အပြည့်အဝရစေ ရမည်ဟု ဆိုခြင်းနှင့် မွန်အမျိုးသားများအတွက် ပြည်နယ်လိုလားကြောင်း ဆန္ဒပြပါက မွန်ပြည်နယ်ကို ဖော်ထုတ်ပေးပါမည်ဟု ကတိပေးထားချက် ကြောင့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် သန့်ရှင်းဖဆပလ၏ ဂုဏ်သိက္ခာကို ယုံ ကြည်တာ လည်း တကြောင်း၊

(၄) လွန်ခဲ့သည့် ဇွန် လ (၂၃) ရက် ရန်ကုန် တွင်ကျင်းပသော တပ်မှူးများညီလာခံတွင် မိန့်ကြား သော ဗိုလ်မှူးချုပ် နေဝင်း၏ မိန့်ခွန်းအရ ဗမာ့တပ်မတော်၏ သဘောထားကို သိရှိရတဲ့ အ တွက် ဗမာ့တပ်မ တော်၏ ဂုဏ်သိက္ခာကို ယုံကြည်ကိုးစားမိတာလည်း တကြောင်း
(၅) ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် အတွက် တိုးတက်သည့် ပြည်သူ့ အဖွဲ့အစည်းများ၏ ဘိတ်ခေါ်ချက်များကို လေးစားသော အားဖြင့်တကြောင်း

(၆) နိုင်ငံတော်အစိုးရနှင့် ဗမာ့ တပ်မတော်၏ သဘော ထားအရ ယနေ့အချိန်တွင် ဥပဒေဘောင်အတွင်းမှ ပါလီ မန်ဒီမိုကရေစီနည်းအရ ကျနော်တို့၏ နိုင်ငံရေး ယုံကြည်ချက်ကို ဖိနှိပ်မှု ကင်းရှင်းစွာ ဖြင့် လုပ်ကိုင်နိုင်လိမ့် မည်ဟု ယုံကြည်တာလည်း တကြောင်း

(၇) မွန်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေး မှန်သမျှကို ပါ လီမန်ဒီမိုကရေစီနည်းအရ ဥပဒေဘောင်အတွင်း၌ လုပ်ကိုင်ဆောင်ရွက်ခွင့် ရပါက မည်သည့်အခါမှ လက်နက်ကိုင် တော်လှန် ရေးကို လုပ်မည်မဟုတ် ဟု မွန်ပြည်သူ့တပ်ဦးမှ ဆုံးဖြတ်ချက် ချမှတ်ပြီးသား ဖြစ်တာလည်း တကြောင်းတို့ကြောင့် ယနေ့အချိန်တွင် ကျနော်တို့ဟာ လက်နက် ကိုင် တော်လှန်ရေးလမ်းစဥ်ကို လုံးဝ စွန့်လွှတ်လိုက်ခြင်းဖြစ်ကြောင်းကို ကျေ ညာလိုပါတယ်။

ကျနော်တို့ မွန်ပြည်သူ့တပ်ဦး နိုင်ငံရေးယုံကြည်ချက်ကို ရှေ့အဘို့တွင် ဘယ်လို လုပ်ကိုင်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော် အနည်းငယ် တင်ပြလို ပါတယ်၊ အဲဒီအကြောင်းကို မတင်ပြမီ ကျနော်တို့ မွန်အမျိုးသား များအပေါ် တချိန်က အချို့သော တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ သဘောထား အယူအဆများမှာ မွန်အမျိုးသားများဟာ ပဒေသရာဇ်စနစ် အောက်တွင် လုံးဝကွယ်ပျောက်သွားပြီးလို့တောင် ယူဆခဲ့ကြတာကို ကျနော်တို့ ကြားသိရ ပါတယ်၊ ဒါဟာ ကျနော်တို့ မွန်အမျိုးသားများအတွက် ဝမ်းနည်းစရာတရပ်ပင် ဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ မွန်အမျိုးသား များဟာ ယနေ့အထိ ကမ္ဘာ့မြေပြင်ပေါ်တွင် အသက်ရှင်လျှက် ရှိနေကြ သေးတာလည်း တကြောင်း၊ မွန်ဘာသာစကားနှင့် စာပေယဥ်ကျေးမှုဟာ လည်း ယနေ့ထက်တိုင် တည် ရှိနေသေးတာလည်း တကြောင်း၊ ရာဇဝင်အ ရ ပြည်နယ် ရှိခဲ့ဘူးသည်လည်း တကြောင်း၊ ၄င်းပြည်နယ်ပေါ်တွင် သဘာ ဝစီးပွားရေးအခြေခံ ရရှိတာလည်း တကြောင်းတို့ကြောင့် ကျနော်တို့ မွန် ပြည်သူ့တပ်ဦး၏ အဓိ က နိုင်ငံရေး ရည်မှန်းချက်ဟာ နယ်ချဲ့ ပဒေသရာဇ် ဆန့်ကျင်ရေး၊ မွန်အမျိုးသားများ လွတ်မြောက်ရေးနဲ့ မိမိ တို့ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိတဲ့ မွန်ပြည်နယ် ရရှိရေးပင် ဖြစ်ပါတယ်။

အဲဒီအခြေခံရည်မှန်းချက်တွေ ရရှိအောင်မြင်ရန်အတွက် အထောက်အကူ ပြုမည့် လုပ်ငန်းများဖြစ်တဲ့ မွန် တ မျိုးသားလုံး စုစည်းညီညွတ်ရေးနှင့် လူမျိုးစုံ သွေးစည်းညီညွတ်ရေးကို တည်ဆောက်သွားရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်တို့ ဖြစ်ပါတယ်၊ အဲဒီလုပ်ငန်း ရပ်တွေ လုပ်ဆောင် ရာတွင် ဥပဒေဘောင်အတွင်းမှ ပါလီမန် ဒီမိုကရေစီ နည်း အရ ကျနော်တို့ရဲ့ ဝါဒလမ်းစဥ်ကို ပြည်သူလူထုကို တင်ပြ စည်းရုံးသွားရန် ဖြစ်ပါ တယ်၊ တဆက်တည်းမှာပင် မဟာလူမျိုးကြီးဝါဒနှင့် ကျဥ်းမြောင်းတဲ့ လူမျိုး ရေး အမြင်များကိုလည်း တိုက်ဖျက်သွား ပါလိမ့် မယ်၊ အဲဒါတွေဟာ ကျနော်တို့ မွန်ပြည်သူ့တပ်ဦးရဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဥ်တွေ ဖြစ်ပါ တယ်။

ကျနော်တို့အား ပြည်သူလူထုတရပ်လုံး နိုင်ငံတော်အစိုးရဆိုင်ရာ ဌာနအသီးသီးနှင့် ဗမာ့တပ်မတော်တို့၏ သောင်းသောင်းဖြဖြ ဧည့်ခံကျွေးမွေး ကူညီမစ ခရီးဦး ကြိုပြုမှုများကို နှစ်ထောင်းအားရ ရှိပါကြောင်းနှင့် မွန်ပြည်သူ့ တပ်ဦး ကိုယ်စားပြောကြားပါရစေ။

တရားမျှတစွာ ဆက်ဆံခြင်းဖြင့် လူမျိုးစုံ သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်း သာယာဝပြောတဲ့ ပြည်ထောင်စု ကြီး တည်တန့်ခိုင်မြဲပါစေလို့ ဆုတောင်း ရင်း နိဂုံးချုပ်လိုက်ရပါတယ်”

ထိုနောက် ဗိုလ်မှူးချုပ် သန်းဖေ ( ရေ )က ကျေးဇူး တင်စကား ပြောကြားရာတွင် မိမိသည်လည်း မွန်အမျိုးအနွယ် ဖြစ်ပါသည်။ ပါလီမန် ဒီမိုကရေစီတိုက်ပွဲအသွင်သို့ ပြောင်းပြီး မွန်အမျိုးသားတို့၏ လိုလားချက်အတိုင်း အောင်မြင်အောင် ဆက်လက် ဆောင်ရွက်နိုင် လိမ့်မည်ဟု မျှော်လင့်ရပါကြောင်း အစိုးရကိုယ်စား ပြောဆိုသွားသည်။

ထိုအချိန်မှစ၍ မွန်ပြည်သူ့တပ်ဦးသည်လည်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရလာခဲ့ပြီး မော်လမြိုင်မြို့ပေါ်နှင့် ကျေးရွာအသီးသီးတို့တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားရှိခဲ့လေသည်။

အချုပ်ဆိုရလျင် မွန်ပြည်သူ့တပ်ဦးအနေဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားရန် လက်နက်ချလိုက်ခြင်းပင် ဖြစ်သည်။ လက်နက်ချပြီးနောက် တရားဝင်နိုင်ငံရေးအဖြစ် ဥပဒေဘောင်အတွင်း ရပ်တည်၍ ရွေးကောက်ပွဲဝင်သွားမည်၊ မွန်အမျိုးသားတို့ အဓိက လိုလားနေသော မွန်ပြည်နယ်ရရှိရေးအတွက် ပါလီမန်လွှတ်တော်အတွင်းမှ တောင်းဆိုတိုက်ပွဲဝင်သွားကြမည်ဟု ထိုစဥ်က မွန်ခေါင်းဆောင်များက အိပ်မက်ခဲ့ကြသည်။

မွန်ခေါင်းဆောင်တို့၏ အဓိက မဟာဗျူဟာမှာ မိမိတို့ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့်ရှိသည့် ပြည်နယ်ရရှိရေးပင် ဖြစ်သည်။

တနည်းအားဖြင့် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ (ဝါ) ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်နယ် ဖြစ်ပေတည်း။

ကိုးကား

  • လက်နက်ကိုင် တိုက်ပွဲအသွင်မှ ဥပဒေအတွင်း တိုက်ပွဲအသွင်သို့ ပြောင်းလဲခြင်း အခမ်းအနားတွင် မွန်ပြည်သူ့တပ်ဦး (ဗဟို) သဘာပတိ ဥက္ကဌ နိုင်အောင်ထွန်း၏ မိန့်ခွန်း စာအုပ် (မွန်-မြန်မာ) (ပြီး)
IMG_6640
IMG_6641
IMG_6642
IMG_6643
IMG_6644
IMG_6645
IMG_6646
IMG_6647
IMG_6648
IMG_6649
IMG_6650
IMG_6651
PlayPause
previous arrow
next arrow
Tags: 🎙️မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏ တိုက်ပွဲအသွင်ပြောင်းလဲခြင်း မိန့်ခွန်း
Previous Post

⚡️မော်လမြိုင်မြို့၊ ပြည်နယ်လျှပ်စစ်ဦးစီးဌာနတွင် မီတာခဖြတ်ပိုင်းရရှိရန် နာရီနှင့်ချီပြီးစောင့်ဆိုင်းနေကြရဟုဆို

Next Post

💥စစ်ဘေးရှောင်များ ပြန်လာနေသော ချောင်းနှစ်ခွကျေးရွာတွင် နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးကုန်ပြီဟုဆို

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
💥စစ်ဘေးရှောင်များ ပြန်လာနေသော ချောင်းနှစ်ခွကျေးရွာတွင် နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးကုန်ပြီဟုဆို

💥စစ်ဘေးရှောင်များ ပြန်လာနေသော ချောင်းနှစ်ခွကျေးရွာတွင် နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးကုန်ပြီဟုဆို

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးအဆိုပြုချက်သစ်

ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးအဆိုပြုချက်သစ်

June 25, 2025
လာဘ်စားမှုနဲ့ တရုတ်မူးယစ်တိုက်ဖျက်ရေး ရဲချုပ်ဟောင်းကို ဆိုင်းငံ့သေဒဏ်ချမှတ်

လာဘ်စားမှုနဲ့ တရုတ်မူးယစ်တိုက်ဖျက်ရေး ရဲချုပ်ဟောင်းကို ဆိုင်းငံ့သေဒဏ်ချမှတ်

June 25, 2025
ထိုင်းပင်လယ်ကွေ့အတွင်း စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ တန်ကျော်ဖမ်းဆီးရမိ

ထိုင်းပင်လယ်ကွေ့အတွင်း စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ တန်ကျော်ဖမ်းဆီးရမိ

June 25, 2025
ကမ္ဘောဒီးယားနှင့် တင်းမာမှုကြောင့် ထိုင်းဘက်က စကဲလ်ခရိုင် နယ်စပ်ဂိတ်အားလုံးကို ပိတ်

ကမ္ဘောဒီးယားနှင့် တင်းမာမှုကြောင့် ထိုင်းဘက်က စကဲလ်ခရိုင် နယ်စပ်ဂိတ်အားလုံးကို ပိတ်

June 25, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

June 25, 2023
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးအဆိုပြုချက်သစ်

ဝန်ကြီးချုပ်ဦးနု၏ ပြည်နယ်ပေးရေးအဆိုပြုချက်သစ်

June 25, 2025
လာဘ်စားမှုနဲ့ တရုတ်မူးယစ်တိုက်ဖျက်ရေး ရဲချုပ်ဟောင်းကို ဆိုင်းငံ့သေဒဏ်ချမှတ်

လာဘ်စားမှုနဲ့ တရုတ်မူးယစ်တိုက်ဖျက်ရေး ရဲချုပ်ဟောင်းကို ဆိုင်းငံ့သေဒဏ်ချမှတ်

June 25, 2025
ထိုင်းပင်လယ်ကွေ့အတွင်း စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ တန်ကျော်ဖမ်းဆီးရမိ

ထိုင်းပင်လယ်ကွေ့အတွင်း စံချိန်တင် အိုက်စ်စိတ်ကြွဆေး ၂ တန်ကျော်ဖမ်းဆီးရမိ

June 25, 2025
ကမ္ဘောဒီးယားနှင့် တင်းမာမှုကြောင့် ထိုင်းဘက်က စကဲလ်ခရိုင် နယ်စပ်ဂိတ်အားလုံးကို ပိတ်

ကမ္ဘောဒီးယားနှင့် တင်းမာမှုကြောင့် ထိုင်းဘက်က စကဲလ်ခရိုင် နယ်စပ်ဂိတ်အားလုံးကို ပိတ်

June 25, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

Š 2023 KaoWao

No Result
View All Result

Š 2023 KaoWao